Transparency Myanmar

transparency.myanmar@gmail.com

          ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထောက်ခံသည့် ထောင်ပေါင်းများ စွာသော ပြည်သူများသည် ဘန်ကောက်မြို့တော်တွင် လူထုစည်းဝေးပွဲကျင်းပ၍ ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းနေပါသည်။

          သက်ဆင်က ၎င်းတို့အား ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး ထိုင်းဒီမိုကရေစီသည် အားနည်းသည့် အလျှောက် မတည်မငြိမ်ဖြစ်ရကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

          ၎င်းကိုထောက်ခံသူများက လွန်ခဲ့သော ၃ နှစ်စစ်တပ်က အာဏာမသိမ်းခင်ကျင့်သုံးခဲ့သော အခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန်ကိစ္စကိုလည်းတောင်းဆိုခဲ့ကြပါသည်။

          စစ်တပ်က အာဏာသိမ်းယူခြင်းခံရသော သက်ဆင်သည် ထိုအချိန်မှစ၍ပြည်ပတွင် နေထိုင်ခဲ့ ပါသည်။ ၎င်းပြည်ပတွင် တိမ်းရှောင်နေခိုက် အငြင်းပွားဖွယ် အတိုးနှုန်းကိစ္စဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ် ခြင်းခံရပါသည်။

          ဘန်ကောက် Democracy Monument တွင် United Front For Democracy Against Dictatorship(UDD) ၏ အနီရောင်ဝတ် ထောက်ခံသူများက ကျင်းပသော လူထုစည်းဝေးပွဲသို့ လူဦးရေ ၂ သောင်းခန့် တက်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောပါသည်။

          ဒီဇင်ဘာ ၁၀ ရက်နေ့သည် အခြေခံဥပဒေနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတွင် အများပြည် သူရုံးပိတ်ရက် သတ်မှတ်ထားပါသည်။

          ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ အားနည်းသည့်အတွက် နိုင်ငံရေးမှာမတည်ငြိမ်ဟု သက်ဆင်က လျှို့ဝှတ်ထားသော နေရာတစ်ခုမှနေ၍ မိန့်ခွန်းပြောဆိုခဲ့ပါသည်။ ဒီမိုကရေစီ၊ တရားမျှတမှု၊ တိုးတက် အောင်မြင်မှုများကို ပြည်သူများထံပြန်လည်အပ်နှင်းပါဟု ၎င်းကဆက်လက်တောင်းဆိုလိုက်ပါသည်။

ထိုင်းဘုရင်ကြီးအား ဂုဏ်ပြုခြင်း

          သက်ဆင်က ၎င်းအား ထောက်ခံသူများကို ပြောကြားရာတွင် အကယ်၍ ၎င်း၏နိုင်ငံရေးမဟာ မိတ်များသည် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ၂၀၀၇ ခုနှစ်က စစ်အစိုးရ အတင်းအကျပ်ချမှတ်ခဲ့သည့် လက်ရှိအခြေခံဥပဒေကို စွန့်ပယ်နိုင်လိမ့်မည်ဟုဆိုပါသည်။

          ယနေ့သည် အလွန်အရေးပါသောနေ့ဖြစ်ကြောင်း လွန်ခဲ့သော ၇၇ နှစ်က ပထမဆုံးအခြေခံ ဥပဒေကို ရေးဆွဲနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားပါသည်။

          အကယ်၍ အနီရောင်ဝတ်များသာ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ၁၉၉၇ အခြေခံဥပဒေကို ပြန်လည်ကျင့်သုံးမည်ဖြစ်၍ ၂၀၀၇ အခြေခံဥပဒေကို လွှင်ပစ်လိုက်မည်ဟု ၎င်းကဆိုပါသည်။ ထို့ နောက် ပြီးခဲ့သော စနေနေ့က ကျရောက်ခဲ့သည့် ထိုင်းဘုရင် ဘူမိဘောအဒူလယာဒက်၏ ၈၂ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖရောင်းတိုင်မီးထွန်းအခမ်းအနားကို ၎င်းက ဦးဆောင်ပြုလုပ်ခဲ့သည်။

          သက်ဆင်အား ထောက်ခံသူများသည် ယခုလစောစောပိုင်းက ကျင်းပရန်စီစဉ်ထားသော လူထုစည်းဝေးပွဲများကို ထိုင်းဘုရင် ကျန်းမာရေးချို့ယွင်းနေမှုကြောင့် ရက်ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ် သည်။

          ဖနွမ်းပင် က သက်ဆင်ကို စီးပွားရေးအကြံပေးအဖြစ်ခန့်အပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံနှင့် အိမ်နီး ခြင်းကမ္ဘောဒီးယားနိုင်ငံတို့ကြားတွင် သံတမန်ဆိုင်ရာ အငြင်းပွားမှုဖြစ်ပွားနေပါသည်။

          ယခုကိစ္စမတိုင်မီကပင် နယ်စပ်ပြဿနာကြောင့် အိမ်နီးခြင်း နှစ်နိုင်ငံ၏ဆက်ဆံရေးတင်းမာ နေခဲ့ခြင်းဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment