Transparency Myanmar

transparency.myanmar@gmail.com

AFP, 11 Dec 2009

          အမေရိကန်နှင့် မြောက်ရီးယားတို့၏ ပြုံယမ်းတွင် တွေ့ဆုံ ဆွေးနွေးမှုသည် နျူကလီယာလက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးသော်လည်း အပြုသဘောဆောင်သော ဆွေးနွေးပွဲ ဖြစ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြာသပတေးနေ့က ပြောကြားခဲ့ပါသည်။

          အမေရိကန် ကိုယ်စားလှယ် Stephen Bosworth ပြုံးယမ်းမှ ထွက်ခွာသွားပြီး ဖြစ်ရာ ၎င်းက နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲ ပြန်လည် ကျင်းပရေးအတွက် လိုအပ်ချက်များကို သဘောတူညီမှု ရရှိခဲ့ပါသည်ဟု ဆိုပါသည်။

          Bosworth က မိမိတို့ အစိုးရသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲအတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် စိတ်ရှည်သည်းခံ ဆောင်ရွက်မည့် မဟာဗျူဟာကို ကိုင်စွဲထားသည်ဟု ပြောပါသည်။

          မိမိတို့ တောင်းဆိုထားသည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ရည်ရွယ်၍ ရှေ့ဆက်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားတို့အား ရှင်းရှင်းလင်းလင်း ပြောပြပြီး၊ ၎င်းတို့ကလည်း သဘောပေါက်မည်ဟု ထင်ကြောင်း ကလင်တန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

          Bosworth ၏ သုံးရက် ခရီးစဉ်သည် သမ္မတ Obama ပြီးခဲ့သည့် ဇန်နဝါရီလက စတင် တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပထမဆုံး တရားဝင် ဆက်သွယ်မှု ဖြစ်ပါသည်။ အမေရိကန်တို့၏ တိုက်ရိုက် ဆက်ဆံရေး မူဝါဒအစီအစဉ်လည်း ဖြစ်ပါသည်။

          အမေရိကန် ပြည်ထောင်စုသည်၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ရုရှားတို့နှင့်အတူ မြောက်ကိုရီးယားကို ဧပြီလကတည်းက ရပ်ဆိုင်းထားခဲ့ရသော ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် တိုက်တွန်းလျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment