Transparency Myanmar

transparency.myanmar@gmail.com

Press Release, 14th Dec 2009

          မြန်မာတပ်မတော် အစိုးရသည် ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပရန် စည်းရုံး ပြင်ဆင် နေသော်လည်း ၂၀၀၈ တွင် ၎င်းတို့ လက်ခံ အတည်ပြုခဲ့သော အခြေခံ ဥပဒေအရ ရွေးကောက်ပွဲများ အပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားလိုသော တပ်မတော်၏ စိတ်ရင်းအမှန်ကိုမူ သံသယ ဖြစ်စရာ လိုမည် မထင်ပါ။ လက်ရှိ အာဏာရ ဗိုလ်ချုပ်ကြီးများသည် စစ်အာဏာရှင်များ ကြီးစိုးခဲ့သော ၄၇ နှစ်တာကာလ အတွင်းတွင် ၎င်းတို့ ရှေ့မှ သွားလေသူ ခေါင်းဆောင်များလောက်ပင် ပြည်သူများအပေါ် စိတ်ဝင်စားမှု မရှိပါဟု International Trade Union Confederation ITUC ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားပါသည်။ စစ်မှန်သော ဒီမိုကရေစီစနစ်သို့ ပြန်လည် ဦးတည်ခြင်း၊ ကုန်သွယ်ရေး သမဂ္ဂ အခွင့်အရေးများ အပါအဝင် လူ့အခွင့်အရေးများကို လေးစားခြင်း စသည့်အချက်များ လုံးဝ မရှိသောကြောင့် မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များမှာ စာသင်ခန်းများတွင် ရှိနေခွင့် လုံးဝ မရတော့ဘဲ အလွန် ဆိုးဝါး ကြမ်းတမ်းသော အလုပ်များ အပါအဝင် အလုပ်ပေါင်းစုံကို လုပ်ကိုင်ရန် အတင်းအကျပ် ဖိအားပေး ခံရတော့မည် ဖြစ်သည်။

          ကုန်သွယ်ရေး သမဂ္ဂ အခွင့်အရေးများနှင့် မြန်မာကလေးငယ်များ၏ ကပ်ဆိုက်နေသော အခြေအနေများ အပါအဝင် လူ့အခွင့်အရေး အလွဲသုံး ချိုးဖောက်မှုများ အတွင်းမှ ဆက်နွယ်မှုများကို ITUC ၏ အစီရင်ခံစာ အသစ်တွင် အလေးပေး ဖော်ထားပါသည်။

          မည်သည့် ပြည်ပစစ်ရေး ခြိမ်းခြောက်မှုမှ မရှိသော်လည်း အတိုက်အခံ အဖွဲ့အစည်း မှန်သမျှကို ချေမှုန်းရန်အတွက် မြန်မာစစ်အစိုးရသည် နိုင်ငံတော် ဘတ်ဂျက်၏ ၄၀ % ကို စစ်တပ်အတွက် သုံးစွဲခဲ့ပြီး အမှန်တကယ် အရေးကြီးသော ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် အတိုအထွာမျှသာ သုံးစွဲခဲ့ပါသည်။ နောက်ဆုံးတွင် ရလဒ် အနေနှင့် မူလတန်းပညာ တတ်မြောက်သူ မြန်မာကလေးငယ် ဦးရေမှာ ၅၅% အောက်သို့ ကျဆင်းသွားခဲ့ပြီး နေ့စဉ် နေ့တိုင်း သိန်းနှင့် ချီသော ကလေးလူငယ်များသည် အချိန်ပြည့် အလုပ်လုပ်ကြရကာ တစ်ခါတရံ အာဏာပိုင်များက အတင်းအကြပ် ခိုင်းစေသော အလုပ်များကို လုပ်ကိုင်ကြရပါသည်။ တပ်မတော် အဖွဲ့အစည်းများ၏ ကလေးသူငယ် စစ်သားများ အတင်းအကြပ် စုဆောင်းမှုကို မြန်မာနိုင်ငံတွင် မကြာခဏ တွေ့မြင်နေရပြီး အဆိုပါ ကိစ္စများ ပပျောက်စေရပါမည်ဟု အစိုးရက ကတိပေးထားသည့်ကြားမှ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

          ကုန်သွယ်ရေး သမဂ္ဂ အခွင့်အရေးများကို ခံစားခွင့် မရှိသော လစာကို အဆိုပြု တင်ပြရန် မဖြစ်နိုင်သော မြန်မာကျောင်းဆရာများ ရင်ဆိုင်နေရသည့် အခက်အခဲများကိုမူ အစီရင်ခံစာတွင် ခပ်ပါးပါးသာ ဖော်ပြထားပါသည်။ မိသားစု ရပ်တည်ရန် လိုအပ်သော ငွေ၏ ရာခိုင်နှုန်း အနည်းငယ်မျှသာရှိသော ဝင်ငွေကို မြန်မာကျောင်းဆရာများ ရရှိပါသည်။ မြန်မာကျောင်းဆရာ အများစုမှာ ၎င်းတို့ထံတွင် ကျူရှင်ယူရန် ကျောင်းသားများအား တိုက်တွန်း အားပေးလေ့ ရှိသော်လည်း သင်ကြားရေးပစ္စည်းနှင့် ကျောင်းအလှူငွေ စသော အခြား ကုန်ကျစရိတ်များစွာ ကျခံနေရသည့်အတွက် မိဘတိုင်းမှာ အဆိုပါ ကျူရှင်စရိတ်ကို အကုန်အကျ မခံနိုင်တော့ပါ။ အဆိုပါစနစ်သည် ပညာရေးစနစ်၏ အဆင့်တိုင်းတွင် ဖြစ်ပေါ်နေပြီး နှစ်စဉ် အရေအတွက် သောင်းဂဏန်းရှိသော စရိတ် မတတ်နိုင်သည့် ကလေးများမှာ ကျောင်းမှ ထွက်၍ အလုပ်လုပ်ရန် ကြိုးစားကြရပါသည်။

          စစ်အာဏာရှင်စနစ် အောက်တွင် ဒုက္ခများဖြင့် ကြီးပြင်းလာရသော ကလေးများ၏ အကြောင်းကို ဖော်ပြနိုင်ရန် နိုင်ငံတဝှမ်း အင်တာဗျူးများစွာ ပြုလုပ်ခဲ့ပါသည်။ တစ်လလျှင် လစာ တစ်သောင်း (၈.၆ ဒေါ်လာ) ရရှိရန် တစ်နေ့လျှင် ၁၂ နာရီ၊ တစ်ပတ်လျှင် ၇ ရက်လုံး အလုပ်လုပ်ရသည်ဟု ရန်ကုန် လက်ဖက်ရည်ဆိုင် တစ်ခုမှ ၁၁ နှစ်အရွယ် ကလေးငယ်က ပြောပြပါသည်။ အခြားကလေးများမှာ တစ်လလျှင် ၈၀၀၀ (၆ ဒေါ်လာ) ခန့်သာ ရပါသည်။ တစ်ရက်လျှင် ထမင်း ၂ နပ် ကျွေးပြီး ပူအိုက် ကျဉ်းကျပ်သော အခန်းငယ်တွင် စုပြုံ အိပ်စက်ရပါသည်။ အိပ်ရေး မဝသောကြောင့် နေ့ခင်းပိုင်းတွင် အလွန် ပင်ပန်းပါသည်။ စားပွဲထိုး၊ ပန်းကန်ဆေး၊ သန့်ရှင်းရေး စသဖြင့် အဆက်မပြတ် အလုပ်လုပ်ကြရသည်ဟု ကလေးငယ်က ရင်ဖွင့်ပါသည်။

          မြန်မာနိုင်ငံတွင် လူမှု အခွင့်အရေးများ၊ လူ့အခွင့်အရေးနှင့် ကလေးသူငယ် ရပိုင်ခွင့်များနှင့် ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခြင်းများသည် အလွန်ပင် အန္တရာယ်များလှပါသည်။ စစ်အာဏာရှင် အစိုးရက မည်သည့် ဝေဖန်မှုမျိုးကိုမှ သည်းခံမည် ဟုတ်ပါ။ တိုင်းပြည်တွင်းရှိ အခြေအနေမှန်များကို ဖော်ပြခြင်း မပြုရန် စာနယ်ဇင်း မီဒီယာများအား အစိုးရစာပေ စိစစ်ရေးအဖွဲ့က တားမြစ်ထားပါသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ (AAPP in Burma) ၏ အဆိုအရ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ၂၁၀၀ ကျော်သည်ဟု သိရပါသည်။ ၎င်းတို့အထဲတွင် ကုန်သွယ်ရေး သမဂ္ဂအဖွဲ့ဝင် ၃၀ ခန့် ပါဝင်ပြီး၊ ထောင်ဒဏ် ၅ နှစ်မှ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိ ချမှတ်ခြင်း ခံရပါသည်။ ထိုကဲ့သို့ ဖိနှိပ်နေသည့် ကြားမှပင် မြန်မာနိုင်ငံတွင်းရှိ အလုပ်သမားများကို ဆက်လက် ကူညီရန်နှင့် မြန်မာနိုင်ငံ အနှံ့အပြားမှ ကျောင်းများကို ထောက်ပံ့နိုင်ရန်အတွက် Federation of Trade Unions - Burma က မြန်မာနိုင်ငံတွင် ပိတ်ပင်ခံထားရသော ITUC ကို ဆက်သွယ် ပူးပေါင်းခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment