Transparency Myanmar

transparency.myanmar@gmail.com

AFP news from : news.yahoo.com, 15th Dec 2009

          ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးသည် ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး ခရီးစဉ်အဖြစ် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး ယခင် စစ်တိုက်ခဲ့ကြဖူးသော နိုင်ငံ (၂) ခုကြား ဆက်ဆံရေးသည် အလွန် အရေးကြီးသည်ဟု ပြောကြားခဲ့သူ ထင်ရှားသည့် အမေရိကန် ဆီနိတ်တာနှင့် အင်္ဂါနေ့က တွေ့ဆုံခဲ့ပါသည်။

          ဗိုလ်ချုပ်ကြီး ဖန်ကွမ်သန်သည် အရှေ့အာရှဆိုင်ရာ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ် ဆီနိတ်တာ Jim Webb နှင့် တွေ့ဆုံခဲ့ပြီး အထက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီဝင် ထိပ်တန်း ရီပတ်ဗလီကင် အမတ် ဆီနိတ်တာ John McCain နှင့်လည်း တွေ့ဆုံရန် ရှိပါသည်။

          အမေရိကန် ပြည်ထောင်စု အနေဖြင့် အရှေ့တောင် အာရှနှင့် အဆင့်တိုင်း၌ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန် အလွန်အရေးကြီးသည်ဟု ပြောကြားခဲ့သူ Jim Webb သည် ဗီယက်နမ် စစ်ပွဲကာလက ကမ်းတက် တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး သြဂုတ်လ ဟနွိုင်း ခရီးစဉ်တွင် ကသောကမျော  (၃၅) မိနစ် အစည်းအဝေး အပြီး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

          မိမိသည် အမေရိကန်နှင့် ဗီယက်နမ်ကြား ချစ်ကြည်ရေး တံတားထိုးရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါသည်။ ရင်းနှီးစွာ ဆက်ဆံရေးသည် အလွန် အရေးကြီးပါသည်ဟု Jim Webb က ပြောခွင့်ရ အမျိုးသမီးမှ တစ်ဆင့် ပြောကြားခဲ့ပါသည်။

          John McCain သည်လည်း ဗီယက်နမ် စစ်ပြန် စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး ဟနွိုင်းတွင် ပစ်ခတ်ခံရပြီး (၅) နှစ်ခွဲခန့် အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။

          ဗီယက်နမ်စစ်ပွဲအပြီး နှစ် (၂၀) အကြာ ၁၉၉၅ ခုနှစ်တွင် နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး ထူထောင်ပြီးချိန်မှ စ၍ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သော ဒုတိယမြောက် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး သန်ကို ဗီယက်နမ် မီဒီယာများက အလေးပေး ဖေါ်ပြခဲ့ကြပါသည်။

          ပါရာဆဲ ကျွန်းစုများ၊ ဝေးလံသော တောင်ပိုင်း စပရက်တလေ ကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ် အကြား အချိန် ကြာမြင့်စွာ အငြင်းပွားနေမှုသည် ယခုနှစ် စောစောပိုင်းက ပိုမို ကြီးမားလာခဲ့ပြီးနောက် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး၏ အမေရိကန် ခရီးစဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment