Transparency Myanmar

transparency.myanmar@gmail.com

DVB , 15th Dec 2009

          မြန်မာအစိုးရသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးတွင် ၎င်း ပါဝင် ပတ်သက်နေသော ကဏ္ဍကို ဖုံးကွယ်ရန်အတွက် ရန်သူ လက်နက်ကိုင် အဖွဲ့များကို မူးယစ်ဆေးဝါး ထုတ်လုပ်သူများအဖြစ် တံဆိပ် ကပ်ကာ ဖော်ပြလာကြောင်း တိုင်းရင်းသား စုပေါင်းအဖွဲ့က ပြောကြားခဲ့ပါသည်။

          အထက်ပါ သုံးသပ်ချက်ကို တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ကို ကိုယ်စားပြုသည် National Democratic Front (NDF) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ UN Office ရှိ Drugs and Crime (UNODC) က မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်ကတည်းက ဘိန်း စိုက်ပျိုးထုတ်လုပ်မှုသည် နှစ်ဆ မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းကြောင့် အထက်ပါအတိုင်း သုံးသပ် ဖော်ပြလာခြင်း ဖြစ်ပါ သည်။

          UNODC အစီရင်ခံစာတွင် တိုင်းရင်းသားအဖွဲ့များသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှ ရသော ဝင်ငွေဖြင့် လက်နက်များ ဝယ်ယူကြကြောင်း ဖော်ပြထားပါသည်။ UNODC ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် Gary Lewis က DVB သို့ ပြောကြားရာတွင် အဆိုပါ အစီရင်ခံစာအတွက် သတင်း အချက်အလက်များကို မြန်မာအစိုးရနှင့် ပူးပေါင်း ကောက်ယူသည်ဟု ဆိုပါသည်။

          အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် မြန်မာအစိုးရ (SPDC) ၏ ပါဝင် လှုပ်ရှားသော ကဏ္ဍကို ထည့်သွင်း ဖော်ပြခြင်း မပြုကြောင်း NDF က ဆိုပါသည်။

          UNODC အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွင် SPDC ခေါင်းဆောင်များ၏ အကြီးအကျယ် ပါဝင် ပတ်သက်မှုကို စုံစမ်း စစ်ဆေးသင့်ကြောင်း၊ တိုင်းရင်းသား ဧရိယာများတွင် ရှိသော စစ်တပ်များက လျှို့ဝှက်စွာ လုပ်ကိုင်ကြကြောင်း NDF ကြေညာချက်တွင် ဖော်ပြထားပါသည်။

          အစိုးရ၏ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စွပ်စွဲချက်များမှာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်သော တိုင်းရင်းသားအဖွဲ့များကို ပစ်မှတ်ထား၍ စွပ်စွဲခြင်းဖြစ်ကြောင်း NDF ၏ ကျေညာချက်တွင် ဖော်ပြထားပါသည်။

          ထို့အပြင် အစိုးရက ၎င်းတို့၏ မူးယစ်ဆေးဝါး ကိစ္စတွင် ပါဝင် ပတ်သက်မှုကို ဖုံးကွယ်လိုရုံမျှမက တိုင်းရင်းသားများအား တိုက်ခိုက်ရာတွင် နိုင်ငံတကာ၏ အကူအညီများ ရရှိရေးအတွက် စွပ်စွဲခြင်း ဖြစ်ပါသည်ဟု ဆိုပါသည်။

          NDF တွင် ရခိုင် လွတ်မြောက်ရေးပါတီ (ALP)၊ ကချင် လွတ်မြောက်ရေးအဖွဲ့(KTO)နှင့် ကရင်အမျိုးသား ယူနီယံ(KNU) တို့ ပါဝင်ပါသည်။

          UNODC ၏ အဆိုအရ မြန်မာနိုင်ငံ၌ ဘိန်းထုတ်လုပ်မှုတွင် လူတစ်သန်းခန့် ပါဝင် ပတ်သက်နေပြီး၊ ဘိန်းစိုက်ပျိုးမှုမှာ ရုတ်တရက် မြင့်တက်လာသည်ဟု ဆိုသော်လည်း၊ ဘိန်းထုတ်လုပ်မှုမှာ ၂၀၀၆ ခုနှစ်မှ စ၍ လျော့နည်းလာပါသည်။

          မြန်မာနိုင်ငံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး ဟီးရိုးအင်း ထုတ်လုပ်မှု ဖြစ်ပြီး၊ အရှေ့တောင်အာရှတွင် မက်သာဖက်တမင်း ထုတ်လုပ်မှု ထိပ်ဆုံးက ရှိသော နိုင်ငံ ဖြစ်ပါသည်။

          မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုအတွက် အဓိက ဒေသဖြစ်သော ရှမ်းပြည်နယ်၏ အခြေအနေ သည် တည်ငြိမ်မှု မရှိဘဲ၊ ရုတ်တရက် တစ်စုံတစ်ခု ဖြစ်သွားနိုင်သော အခြေအနေတွင် ရှိပါသည်။ အင်အား ၃၀၀၀၀ ခန့် ရှိသော ဝ ညီညွှတ်ရေးပါတီ (UWSA) သည် ရှမ်းပြည်နယ်၏ နေရာ အတော်များများကို နေရာယူထားပြီး၊ အစိုးရနှင့် မသေချာသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူထားပါသည်။ ထို့အပြင် UWSA သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင် လှုပ်ရှားနေသည်ဟု ယုံကြည်ရပါသည်။

          မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ မြန်မာအစိုးရ၏ မျက်စိမှိတ် ခွင့်ပြုချက်မရှိဘဲ ပြုလုပ်၍ ရနိုင်သော အရာ မဟုတ်ကြောင်း NDF ကျေညာချက်တွင် ဖော်ပြထားပါသည်။

          ပြီးခဲ့သည့် သြဂုတ်လက မြန်မာစစ်တပ်သည် နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရန် ငြင်းဆန်ခဲ့သော ကိုးကန့် လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

          တိုက်ပွဲများ အချိန်မကြာမြင့်ဘဲ ပြီးဆုံးသွားသောအခါ မြန်မာအစိုးရ မီဒီယာများတွင် ကိုးကန့်ရွာများ၌ မက်သာဖက်တမင်း ဆေးပြားများ အမြောက်အများ တွေ့ရှိရသည်ဟု ကြေညာခဲ့ပါသည်။ ထို့နောက် အစိုးရ မီဒီယာများတွင် အခမ်းအနားကြီးဖြင့် မူးယစ်ဆေးဝါးများ ဖျက်ဆီးပစ်မှုကို ဖော်ပြခဲ့ကြပါသည်။

          ထို့အပြင် နိုဝင်ဘာလက မြန်မာသတင်းစာများတွင် ကိုးကန့်အား တိုက်ခိုက်ရခြင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်သောကြောင့် မဟုတ်ဘဲ လက်နက်များ တရားမဝင် ထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးများကို အကြီးအကျယ် ရောင်းဝယ် ဖောက်ကားမှုကြောင့်ဟု ရှင်းလင်း ရေးသား ထားသည်ကို တွေ့ရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment