Transparency Myanmar

transparency.myanmar@gmail.com

Mizzima news,23 Dec 2009

          အီရန်တွင် အဆုံးသတ်မည်ဟု ယူဆနေကြသော ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိသည့် လေယာဉ် ပေါ်မှ လက်နက်များသည် ၎င်းတို့နှင့်မည်သည့်ဆက်နွယ်မှုမှမရှိကြောင်း အီရန်က ငြင်းဆိုလိုက်ပါ သည်။

          အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ramin Mehanparast က ယနေ့ကမ္ဘာကြီးတွင် ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် အဓိပ္ပါယ်ရှိသည် ဟု မိမိတို့ မထင်ကြောင်းနှင့် ၎င်းကိစ္စကို မိမိတို့ပြင်းပြင်းထန်ထန်ငြင်းဆိုသည်ဟု ပြောကြားပါသည်။

          အမြဲတမ်းဆိုသလိုပင် အနောက်နိုင်ငံများသည် မိမိတို့၏ နျူကလီးယားရပိုင်ခွင့်များကို ဟန့် တားရန် ကြိုးစားနေသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။ အထက်ပါသတင်းသည် ကမ္ဘာအနှံ့ လျှင် မြန်စွာ ပြန့်နှံ့နေပြီး အီရန်အပေါ် ပို၍ဖိအားပေးရန် ကြိုးစားနေကြသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ကြောင်း Xinhua သတင်းဝက်ဘ်ဆိုက်တွင် အင်္ဂါနေ့က ဖော်ပြထားပါသည်။

          အဆိုပါသတင်းများသည် အီရန်အပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ကြိုးစားမှုနှင့် ၎င်းတို့၏ စိတ်ဓာတ် စစ်ဆင်ရေး ပြုလုပ်မှုအဖြစ် လုပ်ကြံဇာတ်လမ်း ဖန်တီးခြင်းသာ ဖြစ်သည်ဟု Mehman Parast ကဆိုပါသည်။

          လက်နက် မှောင်ခိုလေယာဉ်သည် လမ်းတွင် အကြိမ်ပေါင်းများစွာ အယောင်ပြ ရပ်နား၍ အီရန်သို့ ပျံသန်းမည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် အီရန်က တုန့်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

          ဘယ်လဂျီယံ အခြေစိုက် IPIS နှင့် အမေရိကန် အခြေစိုက် TransArms အဖွဲ့အစည်းများမှ လက်နက် တရားမဝင် ကုန်သွယ်ရေးဆိုင်ရာ သုတေသန အရာရှိများ၏ လေယာဉ်သည် အီရန်သို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်" ဟူသော အစီရင်ခံစာ အသစ်ကို ကိုးကား၍ Assonated Press (AP) သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

          မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို ၂၀၀၆ တွင် ပထမအကြိမ်နှင့် ၂၀၀၈ မေတွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကုလသမဂ္ဂဆုံး ဖြတ်ချက်အမှတ် ၁၈၇၄ ကို ချမှတ်ကာ လက်နက်ကုန်သွယ်မှုတားမြစ်ခြင်း၊ ဘဏ္ဍာရေးအရ ပိတ်ဆို့ ခြင်းနှင့် နျူကလီးယား လက်နက်များ၊ ဒုံးပျံများ၊ အဖျက်စွမ်းအားကြီး လက်နက်များ၊ သမားရိုးကျ လက်နက်များ ကြားဖြတ် ဟန့်တားခြင်း စသည်တို့ကို ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။ မြောက်ကို ရီးယားသည် အီရန်၊ ဆီးရီးယားနှင့် မြန်မာစသော နိုင်ငံများသို့ ဒုံးကျည်များ၊ ဒုံးပျံအစိတ်အပိုင်းများ၊ အခြားလက်နက်များ ရောင်းချခြင်းဖြင့် နှစ်စဉ် ဝင်ငွေကြီးမားစွာ ရရှိနေသည်ဟု ယုံကြည်ရပါသည်။

          သုတေသန အရာရှိများ၏ ပြောကြားချက်အရ ဖမ်းဆီးခံ လေယာဉ်၏ ယခင်မှတ်ပုံတင် အထောက်အထားများ ဖြစ်သော Air Cess နှင့် Centratrican Air Lines များသည် မတ်လ ၆ ရက်က ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံ အကျဉ်းကျနေသော လက်နက်မှောင်ခိုကုန်သည် Victor Bout နှင့် ဆက် သွယ်မှုရှိသည်ဟု စွပ်စွဲမှုများ ရှိနေကြောင်း သိရပါသည်။ သို့ရာတွင် Bout နှင့် ဆက်နွယ်နေသည်ဟု အတိအကျ ပြောဆိုရန် လုံလောက်သော အထောက်အထားများ မရှိသေးဟု အစီရင်ခံစာက ဖော်ပြပါ သည်။

          ဒီဇင်ဘာ ၁၂ ရက်က မြောက်ကိုရီးယားမှ ပျံတက်လာခဲ့သော ရုရှားနိုင်ငံလုပ် စစ်ဘက် ပို့ဆောင်ရေး လေယာဉ် (အီလူးရှင်း ၇၆ အမျိုးအစား)သည် ဘန်ကောက် ဒွန်မောင်းလေဆိပ်တွင် ဆီဖြည့်ရန် ခွင့်တောင်းရပ်နားစဉ် ထိုင်းလုံခြုံရေးအရာရှိ ၁၀၀ ကျော်က တက်ရောက်ရှာဖွေ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

          ဖမ်းဆီးရမိသော လက်နက် ၃၅ တန်တွင် ဒုံးပစ်လောင်ချာ ဗုံးသီးများ(အာပီဂျီ) လေယာဉ်ပစ် SAM ဒုံးကျည် အစိတ်အပိုင်းများနှင့် ခဲယမ်းမီးကျောက်များ ပါဝင်ပါသည်။

          ဖမ်းဆီးမိသော လက်နက်များကို ထိုင်းစစ်တပ်၏ လက်နက်ဂိုဒေါင်သို့ သိမ်းဆည်းသယ် ဆောင်သွားခဲ့ပါသည်။

          အဆိုပါ လေယာဉ် ငှားရမ်းထားသူ ပိုင်ရှင် နယူးဇီလန်မှ SP Trading က "အီလူးရှင်း လေယာဉ်သည် ပြုံယမ်းသို့ မထွက်ခွာမီ ယူကရိန်းသို့ လက်နက်များ ပို့ဆောင်ရန် သွားရောက်မည်ဟု မိမိတို့ကို အသိပေးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု တနင်္လာနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထား ပါသည်။

          ယခုဖမ်းဆီးရမိသော မြောက်ကိုရီးယားမှ လက်နက်များကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ အကုန်လုံး ဖျက်ဆီးရမည် (သို့) တစိတ်တပိုင်း ဖျက်ဆီးရမည်စသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရန် ထိုင်းအစိုးရအနေဖြင့် အချိန်ပိုမို၍ လိုအပ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဆူသက်သောင်ဆူဂန်က လတ်တလော ပြောကြားခဲ့ပါသည်။

          လက်နက်များကို အကုန်လုံး ဖျက်ဆီးပစ်ရမလား ဒါမဟုတ် ထိုင်းစစ်တပ်မှာ သုံးဖို့ တချို့ကို သိမ်းထားရမလား ဆိုတာကို သေချာ မဆုံးဖြတ်ရ သေးပါဘူး။ လက်နက်တွေကို စစ်ဆေးဖို့၊ အမျိုးအစားခွဲဖို့၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက် စည်းကမ်းတွေကို လိုက်နာဖို့ အချိန်ပိုပြီး ပေးရလိမ့်မယ်"ဟု ဆူသက် က ဆက်လက် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment