Transparency Myanmar

transparency.myanmar@gmail.com

NLD ရွေးကောက်ပွဲ ဝင်မယ်လို့ ဦးဉဏ်ဝင်း ကထုတ်ပြော လိုက်ပါပြီ။

၁၉၉၀ ရွေးကောက်ပွဲကို မေ့လိုက်တာ အပြင် အခြေခံဥပဒေ ကိုလက်ခံတဲ့ သဘောတွေ ပါဝင်တာမို့ ဗိုလ်ချုပ်မှူးကြီး ရဲ့ လမ်းညွန်မြေပုံ ပန်းတိုင် ရောက်သွားတဲ့ သဘော ဖြစ်ပါတယ်။

သို့သော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ရွေးကောက်ပွဲ ကနေ စိတ်ကြိုက် အစိုးရဖွဲ့ခွင့်ရဖို့လိုအပ်ပြန်တာကြောင့်  ရွေးကောက်ပွဲ ဘယ်လိုနိုင်ချင်တာလဲ ဆိုတာ စဉ်းစား ရပါလိမ့်မယ်။

လှလှပပ နိုင်ချင်ရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ စကား ပြောရပါတော့မယ်။မဟုတ်ရင်တော့ နည်းလမ်းဟောင်း ဖြစ်တဲ့ ဖိနိပ်မှုများ ပိုလုပ်ရပါမယ်။

ဗိုလ်ချုပ်မှူးကြီး နေရာကနေ စဉ်းစားရင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ရွေးကောက်ပွဲဝင် မဝင် မပြောခင်မှာ တွေ့ရင် မသိကိန်းတွေ များလွန်းလှပါတယ်။

ဒီပဲရင်း ကိစ္စ၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်၊ အခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေ ကိုမေ့နိုင် မမေ့နိုင် မသေချာဘူး။ အဲဒါတွေကို မဆွေးနွေးချင်ဘူး။ အဲဒီ ပြီးသွားတာတွေထက် ရှေ့ဆက်ရမဲ့ ခရီးမှာ စိတ်ပူစရာ တွေကို မပူရအောင် သေချာချင်တယ်။ ဒီကိစ္စ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ရင် ဗိုလ်ချုပ်မှူးကြီး က ဒေါ်အောင်ဆန်းစုကြည် တွေ့ချင်တာထက် တောင်ပိုတွေ့ချင်သေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က ရွေးကောက်ပွဲ ဝင်မယ်ဆိုလိုက်တဲ့ အတွက် မသိကိန်း တခုထဲ ဖြစ်သွားပြီး အဲဒီ မသိကိန်းက ဗိုလ်ချုပ်မှူးကြီး အသိချင်ဆုံး ရွေးကောက်ပွဲ ကိစ္စဖြစ်နေတယ်။

ဂုဏ်သရေပိုင်း ဆိုင်ရာ တွေ ကိုယ်ချင်းစာ တတ်ရင် တွေ့ဆုံဆွေးနွေး ရေးဟာ လက်တကမ်းကို ရောက်နေပြီ လို့ဆိုချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စိတ်သဘောထား ပြောင်းနေချိန်ဖြစ်လို့ အပြုသဘော မဆောင်ဘူး လို့ ပြောဖို့ခက်ပါတယ်။

0 comments:

Post a Comment