Transparency Myanmar

transparency.myanmar@gmail.com

Burma News International, 6th January 2010    

မွန်လူမျိုးစု အသိုင်းအဝိုင်းအတွင်း သွေးစည်း ခိုင်မာမှု တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံ တွင်းမှ မွန် ကိုယ်စားလှယ်များသည် နယ်စပ်ဒေသနှင့် ပင်လယ်ရပ်ခြားမှ မွန်များနှင့် တွေ့ဆုံ၍ ၃ ရက်ကြာ အစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းခဲ့ပါသည်။        

          မွန် အမျိုးသားရေးရာ ၅ ကြိမ်မြောက် ညီလာခံကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ အထိ လွတ်မြောက် နယ်မြေတွင် ကျင်းပခဲ့ပါသည်။ ဝါရင့် မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့် ပြည်တွင်း ပြည်ပ၊ ပင်လယ် ရပ်ခြားမှ မွန် တိုင်းရင်းသား အဖွဲ့အစည်းများ အပါအဝင် သတင်းထောက်များလည်း တက်ရောက်ခဲ့ကြသည်။

          ညီလာခံတွင် မြန်မာအစိုးရ SPDC က ကျင်းပမည့် ရွေးကောက်ပွဲကို ငြင်းပယ်သော ပူးတွဲ ကြေငြာချက်အား ထုတ်ပြန်ခဲ့ပြီး မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်မှုများသည် ဖယ်ဒရယ် ပြည်ထောင်စုအတွင်းမှ ဒီမိုကရေစီနှင့် အခြေခံ လူအခွင့်အရေးများကို အာမခံခြင်း မရှိဘဲ ပြည်သူများနှင့် မြန်မာ့ သယံဇာတများ အပေါ် ချုပ်ကိုင်ထားသည့် စစ်ဖက် အုပ်ချုပ်ရေး ခိုင်မာ သေချာစေရန်သာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပါသည်။

          ကိုယ်စားလှယ်များသည် Mon Affairs Union (mau) အဖွဲ့ဝင်များမှ ဗဟို ကော်မတီဝင် ၃၃ ဦး ကို ရွေးချယ် ခဲ့ကြပြီး ၂ နှစ် သက်တမ်းရှိ အဆိုပါ ဗဟိုကော်မတီသည် မွန်လူမျိုးများအတွင်း ယုံကြည်မှု တည်ဆောက်ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းများ ခိုင်မာ အားကောင်းရေးနှင့် စည်းလုံး ညီညွှတ်ရေး တို့ကို ရည်မှန်းချက် ထား၍ ရှေ့သို့ ချီတက် လှုပ်ရှားသွားမည် ဖြစ်သည်။

          မွန်ပြည်နယ် တဝှမ်းနှင့် ပင်လယ်ရပ်ခြားမှ မွန် ကိုယ်စားလှယ်များ ပါဝင်သော ယခု အစည်းအဝေးသည် အကြီးမားဆုံး စည်းဝေးပွဲ တစ်ခု ဖြစ်သည်ဟု MAU မှ အဓိက စည်းရုံး လှုပ်ရှားသူ နိုင်ပန်းက ပြောကြားပါသည်။

          ငြိမ်းချမ်းရေး ရရှိရန်အတွက် အတားအဆီးများ ရှိနေကြောင်း နားလည် သဘောပေါက်သူ နိုင်ပန်းက ပြောကြားရာတွင် မိမိတို့၏ ဆုံးဖြတ်ချက်မှာ အပြတ်အသတ် ယှဉ်ပြိုင် အနိုင်ယူရေး မဟုတ်ကြောင်း၊ MAU မည်သို့မည်ပုံ ဆက်လက် လှုပ်ရှားမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း သဘောတူညီမှုနှင့် စည်းလုံး ညီညွတ်မှု ရရှိအောင် ကြိုးစားနေချိန်တွင် မည်သို့သော မဟာဗျူဟာကို လက်ခံ ကျင့်သုံးရမည်ကို သဘောတူ ဆုံးဖြတ်ပေးနိုင်မည့်၊ မတူ ကွဲပြားသော နိုင်ငံရေး၊ လူမှုရေးနှင့် လူထု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်မည့် မွန် အမျိုးသား ညီလာခံတစ်ခု ခေါ်ယူ ကျင်းပရန် လိုအပ်နေသည် ဟု ဆိုပါသည်။

0 comments:

Post a Comment