Transparency Myanmar

transparency.myanmar@gmail.com

          ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် ဆောက်လုပ်လျက် ရှိသော ခြံစည်းရိုး ကာသည့် အရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော Bangladesh Rifle (BDR) နှင့် မြန်မာ နယ်စပ်ဒေသ စောင့်တပ် ဖြစ်သော Nasaka တို့ ပူးပေါင်းပြီး ဘန်ဒါဘန် ခရိုင် Naikhyongchhari ဒေသရှိ Chakdhala မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိရသည်။

          ဇန်နဝါရီလ အစောပိုင်း လောက်က အဆိုပါ နယ်စပ်ဒေသတွင် ခြံစည်းရိုး တည်ဆောက်သည့် ကိစ္စအပေါ် BDR နှင့် Nasaka တို့ ပူးပေါင်းကာ ဆန္ဒ ပြခဲ့ကြကြောင်း၊ ယင်းသို့ တည်ဆောက်မှုသည် နိုင်ငံတကာ နယ်နိမိတ်ဆိုင်ရာ ဥပဒေများကို လျစ်လျူရှု ထားခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောဆို ခဲ့ကြကြောင်း BDR နှင့် နီးစပ်သော သတင်း ရင်းမြစ်များက ဆိုပါသည်။

နယ်စပ်ဖြတ်ကျော် မှောင်ခို ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ရပ်များ၊ ရိုဟင်ဂျာ လူမျိုးများ ဝင်ရောက်သည့် ကိစ္စများ အပါအဝင် နယ်စပ်ဒေသ ငြိမ်းချမ်းမှု ထွန်းကားရေး ကိစ္စ အစရှိသည်တို့ကို အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

          Nasaka တို့က Azizul Haque နှင့် Noor Mohammad အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးအား BDR သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

Azizul Haque နှင့် Noor Mohammad တို့နှစ်ဦးအား Nasaka တို့က လွန်ခဲ့သည့် နှစ်လခန့်က ဖမ်းမိခဲ့ခြင်း ဖြစ်သည် ဟု သတင်း ရင်းမြစ်များက ဆိုသည်။ ယခု ပြုလုပ်သည့် ဆွေးနွေးပွဲသို့ BDR နှင့် Nasaka နှစ်ဖက်စလုံးမှ အဖွဲ့ဝင် ကိုးဦးစီ ပါသော အဖွဲ့နှစ်ဖွဲ့ တက်ရောက်ခဲ့ကြသည်။

          Naikhyongchhari တွင် အခြေစိုက်သော BDR အမှတ်-၁၅ တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး Shafiul Azam က ဘင်္ဂလားဒေ့ရှ် ဘက် အခြမ်းကို ဦးဆောင်ပြီး မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ Nasaka မှ ဗိုလ်မှူးကြီး Umony Singh က မြန်မာဘက် အခြမ်းကို ဦးဆောင်ကာ ဆွေးနွေးခဲ့ ကြကြောင်း၊ Khagrachhari တွင် အခြေစိုက်သည့် Burma Net သတင်းထောက်၏ အဆိုအရ  ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် Guimara ဒေသတွင် မြန်မာ နိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

          ဖမ်းဆီးခံရသူမှာ အသက် ၃၀ အရွယ်ရှိ Mohammad Rafiq ဆိုသူ ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသရှိ Iaikep ခရိုင်ဒေသမှ ဖြစ်ကြောင်း သိရပါသည်။

          Guimara ရဲတပ်ဖွဲ့၏ အဆိုအရ Mohammad Rafiq သည် ကော့ဘဇားတွင် လွန်ခဲ့သည့် ၇ နှစ် လောက်ကတည်းက ခိုအောင်း နေထိုင်ခဲ့ကြောင်း၊ ၎င်းသည် လွန်ခဲ့သည့် ရက် အနည်းငယ် လောက်တွင် သူနှင့် ပတ်သက်သူ အချို့ကို အဆိုပါ မြို့သို့ ခေါ်ဆောင်လာကြောင်း ပြောကြားပါသည်။ Mohammad Rafiq နှင့် အပေါင်းအသင်းများသည် Guimara ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ဖမ်းဆီးစဉ် ထွက်ပြေး လွတ်မြောက်ရန် ကြိုးပမ်းခဲ့ပါသေးသည်။

 Burma Net မှ သတင်းကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment