Transparency Myanmar

transparency.myanmar@gmail.com

By Willian Boot, Irrawaddy.org, 23rd January 2010

အကယ်၍ စစ်ဖက် အုပ်ချုပ်သူ အစိုးရသည် ယခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဆိုပါက စီးပွားရေး အကူအညီ ပိုမို ပေးအပ်သွားမည်ဟု ဂျပန်နိုင်ငံ က ကမ်းလှမ်းနေပါသည်။

          ယခု သီတင်းပတ် တိုကျိုတွင် ကျင်းပသော အာရှ ညီလာခံ၏ အဝန်းအဝိုင်းတွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုကာဒါက ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

          ၂၀၀၉ ခုနှစ်တွင်း နည်းပညာနှင့် စီးပွားရေး အထောက်အကူ အမေရိကန် ဒေါ်လာ သန်း ၃၀ တန်ဖိုးခန့် ဂျပန်က ကူညီခဲ့ပါသည်။

          ၂၀၀၇ ခုနှစ် သံဃာ လှုပ်ရှားမှု ကာလအတွင်း ရန်ကုန်မြို့ လမ်းတစ်လမ်းပေါ်တွင် ဂျပန် သတင်းထောက် တစ်ဦးကို ပစ်ခတ်ခဲ့ခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ဂျပန်က အကူအညီများကို ရပ်ဆိုင်းထား ခဲ့ပါသည်။ ၂၀၀၈ မေလတွင် နာဂစ် ဆိုင်ကလုန်းက ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို ဖျက်ဆီးခဲ့ပြီး နောက်ပိုင်း ဂျပန်က အကူအညီများ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

          အနောက် နိုင်ငံများ၏ မြန်မာ အစိုးရ အပေါ် ပိတ်ဆို့မှုများကို ပူးပေါင်း ဆောင်ရွက်ရန် ဂျပန်အစိုးရက ငြင်းဆန် နေခဲ့ခြင်းမှာ အဆိုပါ ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံကို တရုတ်နှင့် ပိုမို ရင်းနှီးစေရန် တွန်း ပို့သလို ဖြစ်စေသည်ဟု ယူဆသောကြောင့် ဖြစ်သည်။

          ၂၀၀၉ ခုနှစ်၏ နောက်ဆုံး ၂ လ တာအတွင်း ဂျပန် ကုန်သွယ်ရေး ကိုယ်စားလှယ် ၂ ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ အစိုးရနှင့် ပိုမို ရင်းနှီးစွာ ဆက်ဆံရန် ဂျပန် ဒီမိုကရက်တစ် ပါတီ အစိုးရသစ်က ရည်ရွယ်နေကြောင်း ပြသည့် လက္ခဏာပင် ဖြစ်သည်။

          ပြီးခဲ့သော ဒီဇင်ဘာလက စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး ဟီရိုယူကီ အီရှီဂဲသည် နေပြည်တော်သို့ သွားရောက်၍ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။

          ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့အစည်းသည် မြန်မာ့နိုင်ငံ၏ အထည်အလိပ် လုပ်ငန်းသို့ နည်းပညာ အကူအညီ ပေးရန် အစီအစဉ် ရှိပါသည်။ မြန်မာ ချုပ်ထည်များကို ဂျပန်က ဝယ်ယူနေသော်လည်း အရည်အသွေး ကောင်းသော ထွက်ကုန်ကိုသာ အလိုရှိသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment