Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ် မ.ယ.က က ပင်လွန် အမှတ်-၇ နှင့် ၈ ရပ်ကွက်နေ အိမ်ထောင်စုများအား လေယာဉ်ကွင်း တိုးချဲ့ ဆောက်လုပ်ရန်အတွက် ၂၀၁၀ ဖောဖော်ဝါရီ လမတိုင်မီ အခြား တစ်နေရာသို့ ရွှေ့ပြောင်း ကြရန် အမိန့် ထုတ်ပြန်ထားကြောင်း သတင်း ရရှိပါသည်။

အဆိုပါ အမှတ်-၇ နှင့် ၈ ရပ်ကွက်များတွင် နေအိမ် ၁၄၇ အိမ်ခန့် ရှိပြီး ယခင်က လေဆိပ်အား တံတားဦးအထိ တိုးချဲ့ခဲ့ကြောင်း၊ ယခုတစ်ဖန် RTC ဂိတ်အထိ တိုးချဲ့ဦးမည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောကြားပါသည်။

ရပ်ကွက်များ ဖယ်ပေးရန် အမိန့်ကို ဇန်နဝါရီလ ပထမပတ်က ထုတ်ပြန်ခဲ့၍ ဖေဖော်ဝါရီလတွင် အပြီး ရွှေ့ပြောင်းပေးရမည် ဖြစ်သည်။ ထို့ပြင် ဗိုလ်ချောလမ်းနှင့် တောင်ပိုင်း မူလတန်းကျောင်း အမှတ် - ၉ ကြားရှိ လူနေ ရပ်ကွက်များလည်း ရွှေ့ပေးရမည် ဖြစ်သည် ဟု ဆိုပါသည်။

ယခု လက်ရှိ လေဆိပ်သည် ခရီးသည် ၄၂ ဦးသာ တင်ဆောင်နိုင်သော လေယာဉ်ငယ်များသာ ဆင်းသက်နိုင်ပြီး အကယ်၍ တိုးချဲ့ပြီးပါက  ခရီးသည် ၇၅ ဦးတင် လေယာဉ်များအထိ ဆင်းသက် ပျံသန်းနိုင်မည် ဖြစ်ပါသည်။

ပြောင်းရွှေ့ရသော အိမ်ထောင်စု တစ်စုလျှင် လျော်ကြေးငွေ ကျပ်လေးသိန်း ရရှိမည် ဖြစ်ပြီး ၎င်းတို့အား ကလေးမြို့ မီးရထား ဘူတာရုံအနီး တောင်ဖီလာ ရပ်ကွက်နှင့် စက်မှုလုပ်ငန်း မြေကွက်လပ်များတွင် ပြန်လည် နေရာချ ထားပေးမည် ဖြစ်ကြောင်း သတင်း ရင်းမြစ်တစ်ခုက ဆိုပါသည်။

"အခု နေရာချပေးမယ့် မြေကွက်တွေက စစ်တပ်က ပြည်သူတွေဆီက သိမ်းယူထားတဲ့ မြေကွက်တွေပါ။ အိမ်ထောင်စု တစ်ခုအနေနဲ့ ပေ ၇၀၊ ပေ ၄၀ မြေကွက် တစ်ကွက်စီ ရမှာပါ၊ ဒါပေမဲ့ ၁၄၇ အိမ်ထောင်မှာ ၅၇ အိမ်ထောင်က ပေ ၇၀၊ ပေ ၄၀ မြေ တစ်ကွက်စီ ရမှာပါ။ သူတို့အနေနဲ့ အခုရမယ့် မြေကွက်သစ်မှာ ဒီလို ငှားရမ်းနေထိုင်တာနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်ကြမှာ သေချာပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

ယခု ပြန်လည် နေရာချထားသည့် နေရာသည် ခြေမြန်တပ်မ ၈၉ တပ်မြေနှင့် လေ့ကျင့်ရေး ဒေသအနီးတွင် တည်ရှိသည်။ မြန်မာ အစိုးရသည် ၂၀၀၇ ခုနှစ်က လေဆိပ် တိုးချဲ့ရေးကိစ္စနှင့် စပ်လျဉ်း၍ တောင်ဖီလာ အရပ်ရှိ သင်္ချီုင်းအား ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ဖူးပါသည်။

 DVB သတင်းဌာန၏ Junta orders people to shift for airport expansion ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment