Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy.org, By william Boot, 23rd January 2010

          စီးပွားရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ တကမ္ဘာလုံး တိုင်းတာ စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံက အောက်ဆုံးမှ ရေတွက်လျှင် နံပါတ် ၅နေရာတွင် ရှိသည်ဟု သိရပါသည်။

          နိုင်ငံပေါင်း ၁၇၉ နိုင်ငံကို တိုင်းတာ စစ်ဆေးမှုတွင် မြန်မာက နံပါတ်စဉ် ၁၇၅ ချိတ် ပါသည်။ အာရှ ပစိဖိတ် ဒေသတွင်း ၄၁ နိုင်ငံတွင် မြန်မာက နံပါတ်စဉ် ၄၀ တွင် ရှိပါသည်။

          ယခင်နှစ်က အလားတူ စစ်ဆေးမှုထက် အဆင့်တစ်ဆင့် နိမ့်သွားခဲ့ခြင်းသည် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့် အခြေအနေများ ဆိုးဝါးလာခြင်း၏ ရလဒ် ဖြစ်ပါသည်။

          အမေရိကန် အခြေစိုက် Heritage Foundation Research Institute နှင့် wall Street Journal တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော ၂၀၁၀ စစ်တပ်တွင် "ဖိနှိပ် ချုပ်ချယ်သော ညံ့ဖျင်းသည့် အုပ်ချုပ်မှု စနစ်ကြောင့် စီးပွားရေး လှုပ်ရှားမှုများကို ကြီးမားစွာ အနှောင့်အယှက် ဖြစ်စေခဲ့သည်ဟု မြန်မာနှင့် ပတ်သက်၍ ဖော်ပြထားပါသည်။

          နာတာရှည် စွဲကပ်နေသော ပြဿနာများတွင် ညံ့ဖျင်းသော ပြည်သူ့ ဘဏ္ဍာရေး စီမံ ခန့်ခွဲမှုကြောင့် ဘဏ္ဍာရေး ကဏ္ဍ ကြီးမားစွာ ချို့ယွင်းနေခြင်း၊ နိုင်ငံပိုင် လုပ်ငန်းများကြောင့် အဆက်မပြတ် ဆုံးရှုံးများ ဖြစ်ပေါ်ခြင်း၊ ဥပဒေနှင့် ထိန်းချုပ်ရေး လုပ်ငန်းများ မဖွံ့ဖြိုးခြင်း တို့ ပါဝင်နေပါသည်။

          လွတ်လပ်စွာ ရင်းနှီး မြှုပ်နှံခွင့်၊ ငွေကြေး လွတ်လပ်ခွင့်၊ ပိုင်ဆိုင်မှု အခွင့်အရေးများ နှင့် အကျင့်ပျက် ခြစားမှု ကင်းစင်ရေးတို့သည် မြန်မာနိုင်ငံ၌ သာမန်ထက် ပို၍ ချို့ယွင်းလျက် ရှိပြီး ငွေကြေး တည်ငြိမ်မှု မှာလည်း ယိုင်နဲ့နေဆဲ ဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြ ထားပါသည်။

          လေ့လာမှု စစ်တမ်း၏ ကမ္ဘာ့ ထိပ်တန်း ၅ နိုင်ငံတွင် ပထမ ၄ နိုင်ငံမှာ အာရှ ပစိဖိတ်ဒေသမှ ဖြစ်ပြီး ဟောင်ကောင်၊ စင်ကာပူ၊ သြတြေးလျနှင့် နယူးဇီလန်တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment