Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသား ဖြစ်ကြောင်း အသိအမှတ်ပြု ခံရပြီးသူ မည်သည့် ရွှေ့ပြောင်း အလုပ်သမားနှင့် ၎င်းတို့၏ မိသားစုဝင်များ ကိုမဆို မြန်မာ အစိုးရက အခွန် ကောက်ခံမည် မဟုတ်ကြောင်း ထိုင်း အလုပ်အကိုင် ရေးရာ ဌာန မှ ညွှန်ကြားရေးမှူးချုပ် Supat Gukun က ပြောကြားသည်။

ထိုင်းအစိုးရက မြန်မာအလုပ်သမား ဖြစ်ကြောင်း ရှာဖွေထုတ်ဖော် အသိအမှတ်ပြု သည့် လုပ်ငန်းစဉ်ကို ၂ နှစ်ခန့် တိုးမြှင့် လိုက်ပြီး ၂၀၁၂ တွင် အပြီးသတ်မည်ဟု ၎င်းကဆိုပါသည်။

ရွှေ့ပြောင်း လုပ်သားများ ထံမှ အခွန် ကောက်ခံမည် မဟုတ်ဟု မြန်မာစိုးရက အတည်ပြု ပြောဆို ထားကြောင်း၊ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သွားရောက် မှတ်ပုံတင်ပြီး ပြန်လာသော အလုပ်သမားများကို ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အကြောင်းမှာ ထိုင်းနိုင်ငံသို့ အန္တရာယ် ကင်းရှင်းစွာ ပြန်လာနိုင်ခြင်း ရှိ၊မရှိ ဖော်ထုတ်ရန် ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

သို့အတွက်ကြောင့် မြန်မာသာမက အခြား ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများမှ ရွှေ့ပြောင်း လုပ်သားများ အားလုံး အနေဖြင့်လည်း မိမိတို့နိုင်ငံ သို့ပြန်ပြီး နိုင်ငံသားအဖြစ် မှတ်ပုံတင် သင့်ကြောင်း၊ သို့မှသာ ၎င်းတို့အနေဖြင့် နှစ်တစ်နှစ် အတွက် အလုပ်လုပ်ခွင့် ပါမစ် ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုပါသည်။

The Nation မှသတင်းကိုဘာသာပြန်ဆိုပါသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment