Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်၏ ပထမကိုးလ အတွင်း ရုရှား၊ ယူကရိန်း၊ သြစတြေးလျနှင့် တောင်ကိုရီးယား ဆန်နှင့် လယ်ယာထွက် သီးနှံများ တင်ပို့ပြီး ဆန်စပါးဈေးကွက်ကို ပိုမိုကြီးမားလာအောင် ကြိုးပမ်းလျက် ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာ ဖြစ်သော Xinhua သတင်းဌာနက ရေးသား ဖော်ပြပါသည်။

တရားဝင်စာရင်း ဇယားများအရ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်၊ ပထမ ကိုးလ (ဧပြီမှဒီဇင်ဘာလ) အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၂ သန်းရှိခဲ့သည်။ ထိုနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၅ သန်း အထိ တင်ပို့ရန် ဦးတည်ချက် ထားရှိခဲ့သည်။

မြန်မာအစိုးရ၏ ဆန်ဈေးကွက် တိုးချဲ့ရေးဆိုင်ရာ အစီအစဉ်အရ အရည်အသွေး မြင့်မားသော အိပ်စ်ပို့ ဆန်များကို ကူဝိန်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့လျက် ရှိသည်။

ယခုဘဏ္ဍာရေးနှစ် ပထမကိုးလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှာ ဆယ်စုနှစ်တစ်ခုတွင် အမြင့်ဆုံးသော ပမာဏအဖြစ်စံချိန်တင်နိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၀၀ပြည့်နှစ်တွင် ဆန်တန်ချိန် ၁ သန်းတိတိတင်ပို့နိုင်ခဲ့ပါသည်။

၂၀၀၈-၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဆန်တန်ချိန် ၇ သိန်းအထိ ပြည်ပသို့ တင်ပို့ နိုင်ခဲ့သည်ကို တွေ့ရကြောင်း တရားဝင် စာရင်းဇယားများကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြပါသည်။

မြန်မာနိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၅ သောင်းကို အဓိက ဆန်တင်ပို့ရာ ဒေသဖြစ်သည့် အရှေ့အာရှ နိုင်ငံများသို့ တင်ပို့ခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသကိုမူ တန် ၈၅၀ ခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။

လက်ရှိ အနေအထားအထိ တောင်အာဖရိက၊ စင်ကာပူ၊ သီရိလင်္ကာ၊ ယူအေအီး၊ တောင်ကိုရီးယားနှင့် အီဂျစ်စသည့် နိုင်ငံများသို့ ဆန်တင်ပို့ လျက်ရှိသော ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၃၅ ခုရှိသည်။

ဆန်စပါး ထုတ်လုပ်ရေး ကဏ္ဍသို့ ကုမ္ပဏီ အမြောက်အမြား ဝင်ရောက် ရင်းနှီး မြှုပ်နှံလျက် ရှိရာ ယခုနှစ် အတွင်း ပြည်ပသို့ အရည်အသွေး ပြည့်မီသော ဆန်များ ပိုမိုတင်ပို့နိုင်လိမ့်မည်ဟု မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းက ဆိုပါသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံရှိ ဆန်စပါး စိုက်ပျိုးမြေဧက ဟက်တာ ၈ ဒဿမ ၂၆ သန်းမှ ဆန်တန်ချိန် သန်း ၃၀ ထွက်ရှိခဲ့ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်သော စာရင်းဇယားများအရ သိရပါသည်။ 

Bernama သတင်းဝက်ဘ်ဆိုက်မှ Myanmar Expands International Rice Market ကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment