Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 28th January 2009

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တစ်ဦးကို Ibrahim Gambari နေရာ၌ အစားထိုးရန် ရှာဖွေဆဲ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Ban Ki-moon က ပြောကြားလိုက်ပါသည်။

"မြန်မာနိုင်ငံ အရေး အဖြေရှာရေး အတွက် ဖြစ်နိုင်သမျှ မရပ်မနား ကြိုးစားလျက် ရှိနေပါတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြလိုပါတယ်" ဟု Ban Ki-moon က နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို Ban က ပြောကြားရာတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး နှင့်ပတ်သက်၍ မြန်မာ အစိုးရထံမှ မည်သည့် ဆက်သွယ်မှုမျှ လက်ခံ ရရှိခြင်း မရှိကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အာဏာပိုင်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးမည် ဖြစ်ကြောင်း ယခု အပတ်အတွင်း ပြောကြားခဲ့ပါသည်။

သေချာသည့် အချက် တစ်ခုမှာ မိမိတို့ ရုံးအဖွဲ့မှ Mr (Vijay) Nambiar သည် မြန်မာ အာဏာပိုင်များနှင့် အဆက်မပြတ် ဆက်သွယ်နေပါကြောင်းနှင့် ဘာဖြစ်လာမည်၊ ၎င်းတို့ ဘာကို ရည်ရွယ်သည်ကို ပိုမို ရှင်းလင်းစွာ ပုံပေါ်လာပါက၊ ၎င်းတို့နှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း Ban က ပြောကြားပါသည်။

Gambari သည် Dartur သို့ ပြောင်းသွားပြီးသည့် နောက်ပိုင်း Nambiar ကို အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်စား မြန်မာနိုင်ငံ အရေး ဆောင်ရွက်ရန် ခန့်ထားခဲ့ပါသည်။

တစ်ချိန်တည်းတွင်ပင် ပြည်သူ့ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး PJ Crowley က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုသည် စစ်အစိုးရနှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း နောက်ထပ် ဆွေးနွေးပွဲများအတွက် ရက် မသတ်မှတ်ရသေးဟု ဆိုပါသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ဘက်ပေါင်းစုံ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဆက်ပြီး ဆွေးနွေးသွားမယ်လို့လဲ အသေအချာ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခု နေရာမှာ ဘယ်လို ပုံစံ ဖြစ်မလဲ ဆိုတာကို မသိသေးပါဘူး" ဟုလည်း ၎င်းက နိုင်ငံခြားရေး ဝန်ကြီးဌာန ရှင်းလင်းပွဲတွင် ပြောကြားပါသည်။

မြန်မာ အစိုးရ အနေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် သာမကပဲ ပြည်တွင်း လက်နက်ကိုင် အဖွဲ့ပေါင်းစုံနှင့်လည်း ထိရောက်စွာ ဆက်ဆံ ဆွေးနွေးသွားရန် အရေးကြီးပါသည်ဟု Crowley က ယခု သီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment