Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, by Lalit K Jha/Washington, 29th January 2010

မြန်မာ အစိုးရတွင် နျူကလီးယားနှင့် ပတ်သက်သော ရည်မှန်းချက်များ ရှိကြောင်း၊ အမေရိကန် နိုင်ငံ၏ နာမည်ကြီး ဥာဏ်ကြီးရှင် အဖွဲ့ (think tank) က မန္တလေး အနီးရှိ နျူကလီယာ ဓါတ်ပေါင်းဖို ဖြစ်နိုင်သော ဆောက်လုပ်ရေး လုပ်ငန်း ဓါတ်ပုံများနှင့် တကွ ဖော်ပြထားမှု အရ သိရှိရပါသည်။

နျူကလီးယား ပြန့်ပွားရေးနှင့် ပတ်သက်သော နာမည်ကြီး ပညာရှင်များ ဖြစ်သော David Albright နှင့် Paul Brannan တို့၏ အစီရင်ခံစာတွင် မြန်မာ အစိုးရသည် နျူကလီယာ နည်းပညာများကို မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ပြီး အခြားနိုင်ငံများမှ နျူကလီးယား ပိုင်ဆိုင်ရေးအတွက် ပစ္စည်း ဝယ်ယူမှုများ ရှိခဲ့သည်ဟု ဖော်ပြထားပါသည်။

၎င်းတို့၏ အစီရင်ခံစာကို ဝါရှင်တန် အခြေစိုက် Institute for Science and International Security က ထုတ်ဝေခဲ့ပါသည်။

ပြည်သူရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး P.J.Crowley က ပြောကြားရာတွင် အစီရင်ခံစာကို မိမိ မဖတ်ရသေးကြောင်း၊ သို့သော် နျူကလီယာနှင့် ပတ်သက်၍ လှုပ်ရှားမှုများနှင့် ဖြစ်နိုင်ချေ ရှိသည်ကို ဂရုပြုမှုများနှင့် ဖြစ်နိုင်ချေ ရှိသည်ကို ဂရုပြုမိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ နျူကလီယာ မပြန့်ပွားရေး ကိစ္စအတွက် အန္တရာယ် ရှိသည် ဆိုပါသည်။

''Burma: A nuclear wannabe; suspicious Links to North Korea; high- tech procurements and enigmatic facilities '' ခေါင်းစဉ် တပ်ထားသော အဆိုပါ အစီရင်ခံစာတွင် နျူကလီယာ သို့မဟုတ် ဒုံးကျည်  အစီအစဉ်တွင် အသုံးပြုနိုင်သော ပစ္စည်းကို မြန်မာနိုင်ငံမှ ဝယ်ယူနေကြောင်း၊ မြန်မာနိုင်ငံသည် ကွန်ပေါင်း တစ်မျိုးကို ထုတ်လုပ်နေပြီး၊ မည်သည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်သည်ကို မသိရသေးပေ။

မြန်မာနိုင်ငံသည် နျူကလီယာ ဓါတ်ပေါင်းဖို သို့မဟုတ် လောင်စာဆီ ပြုလုပ်ရေး အဆောက်အအုံကို လျှို့ဝှက်ပြီး ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် ကောင်းသော ကိစ္စအတွက် သက်သေ အထောက်အထား မရှိသော်လည်း၊ အဆိုပါ သတင်းသည် မြန်မာနိုင်ငံနှင့် ဆက်ဆံမည့် အစိုးရများ၊ ကုမ္ပဏီများ အနေဖြင့် အထူး သတိထားရမည့် သတိပေးချက်ပင် ဖြစ်ပါသည်။

မြန်မာအစိုးရ၏ မြောက်ကိုးရီးယားနှင့် သံသယ ဖြစ်ဖွယ် ဆက်သွယ်ရေး၊ အဆင့်မြင့် နည်းပညာ ပစ္စည်းများ တရားမဝင် ဝယ်ယူရန် ကြိုးစားခြင်း တို့သည် မြန်မာ အစိုးရ အတွက် ပိုမို၍ ပွင့်လင်း မြင်သာမှုကို လက်ခံရန် အကြောင်းများပင် ဖြစ်ပါသည် ဟု ဆိုပါသည်။

အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ သက်သေ အထောက်အထား များအရ မြန်မာနှင့် မြောက်ကိုးရီးယားတို့သည် နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဆွေးနွေးကြကြောင်း၊ သို့သော် မြောက်ကိုးရီးယားသည် မြန်မာနိုင်ငံအတွက် နျူကလီယာ အဆောက်အအုံများ ဆောက်လုပ် ပေးနေကြောင်းကိုမူ အခိုင်အမာ ပြောဆို၍ မရကြောင်း၊ မကြာသေးမီက သတင်းပေးပို့မှုများ အရမူ ဆန့်ကျင်ဖက် အဓိပ္ပာယ် ဆောင်၍ ပြန်ပါသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ မည့်သို့ပင် ဖြစ်စေ မြောက်ကိုးရီးယား၏ နားလည်ရ ခက်သော မြန်မာစစ်အစိုးရအပေါ် နျူကလီယာ အကူအညီများ ပေးနေသည့် ဖြစ်နိုင်သည့် အရေးကြီးသည့် အကူအညီများ အကြောင်းမှာမူ လျစ်လျူရှု၍ မရပေ။

ထိုအစီရင်ခံစာတွင် ဖော်ပြထားရာ၌ မြန်မာအစိုးရသည် နှစ်မျိုးသုံးနိုင်သော သံသယဖြစ်ဖွယ် ပစ္စည်းများကို နိုင်ငံတကာမှ ဝယ်ယူလျက် ရှိသောကြောင့် အစိုးရများသည် မြန်မာနိုင်ငံ၏ ဝယ်ယူမှုများသည် အစိုးရ အနေဖြင့်လား၊ မြန်မာ ကုမ္ပဏီ အနေဖြင့်လား။ အခြား နိုင်ငံခြားကုမ္ပဏီ အနေဖြင့်လား သေချာစွာ ကြည့်ရှုရန် လိုအပ်မည် ဖြစ်ပါသည် ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ ဝယ်ယူရန် စုံစမ်းမှုများသည် အီရန်၊ ပါကစ္စတန်၊ ဆီးရီးယား နိုင်ငံတို့နှင့် မခြား အရေးကြီးသည် ဖြစ်ရာ ကုမ္ပဏီများ အနေဖြင့် စောင့်ကြည့်ကြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားတွင် ထိပ်တန်း အရည်အသွေးရှိ ဒုံးကျည်နှင့် နျူကလီယာတွင် အသုံးပြုမည်ဟု ယူဆရသည့် အလွန် တော်သော နည်းပညာ သုံးထားသည့် ပစ္စည်းများကို ရှာဖွေလျက် ရှိပါသည်။ အစီရင်ခံစာတွင် အဆိုပါ ဝယ်ယူမှုများသည် မည့်သည့် ဒုံးကျည် သို့မဟုတ် နျူကလီယာ ပစ္စည်းတွင် သုံးရန်ဟု ပုံစံ ထွက်လာခြင်းမူ မရှိပါ။ မည်သို့ ဆိုစေကာမူ ဝယ်ယူမှုများသည် တစ်ခါတစ်ရံ သံသယဖြစ်ဖွယ်၊ နားလည်ရ ခက်သော ပစ္စည်းများ ပါဝင်ကြောင်း အကြီးတန်း ဥရောပ ထောက်လှမ်းရေး အာဏာပိုင် တစ်ဦး၏ အဆိုအရ သိရှိရပါသည်။

အစီရင်ခံစာတွင် ဖော်ပြ ထားပြန်သည်မှာ မြန်မာ အစိုးရသည် နျူကလီယာနှင့် နှစ်မျိုး သုံးနိုင်သော ပစ္စည်းများကို မြောက်ကိုးရီးယား ရောင်းဝယ်ရေး ကုမ္ပဏီများ၏ နာမည်သုံး၍ နိုင်ငံတကာတွင် စုံစမ်းမှုများ ပြုလုပ်ဖွယ် ရှိသူဟု ဆိုပါသည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနှင့် မြောက်ကိုးရီးယားတို့ စစ်ရေးအရ ပိုမို ပူးပေါင်းလာခြင်းသည် နျူကလီယာ ကိစ္စ ပူးပေါင်း ဆောင်ရွက်မှုအတွက် စိုးရိမ်မှုကို ပိုမို လာစေပါသည်ဟု အစီရင်ခံစာက ဆိုပါသည်။ ထို့အပြင် မြောက်ကိုးရီးယားသည် ၎င်း နိုင်ငံထုတ် နျူကလီယာ ပစ္စည်းများကို ရောင်းနိုင်ရန် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ပစ္စည်းဝယ်ယူမှု ကွန်ယက်တွင် ပါဝင်လာခဲ့ပါသည်ဟု ဖော်ပြထားပါသေးသည်။

အစီရင်ခံစာတွင် ဖော်ပြထားသော မြောက်ကိုးရီးယား-မြန်မာ သက်သေ အထောက်အထားများမှာ မြောက်ကိုးရီးယား ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Namchongang Trading (NCG) မှ တာဝန်ရှိသူများ မြန်မာနိုင်ငံတွင် ရှိနေသည် ဟူသော သတင်းပေးပို့ချက်များ ဖြစ်ပါသည်။ NCG ကုမ္ပဏီမှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူထားသော ကုမ္ပဏီ ဖြစ်ပါသည်။

မြန်မာနှင့် NCG ကော်ပိုရေးရှင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ဘာမျှ မသိရသေးသော်လည်း NCG သည် မြန်မာနိုင်ငံသို့ ပစ္စည်း ကိရိယာများ ရောင်းချခြင်း၊ နည်းပညာ အကူအညီများ ပေးခြင်းများ ရှိသည် ဟု ကြားသိရပြီး၊ မြောက်ကိုးရီးယားက မြန်မာနိုင်ငံကို နျူကလီယာ ဓါတ်ပေါင်းဖို လုပ်ပေး နေသည်ကိုမူ ခိုင်မာသော အထောက်အထားများ မရှိပါဟု အစီရင်ခံစာက ဖော်ပြပါသည်။

မြန်မာ အစိုးရ အနေဖြင့် ရေရှည် မဟာဗျူဟာ အတွက် နျူကလီယာ  လက်နက်များ ပြုလုပ်ရန် ကြိုးစားနေသည်ဟု သံသယ ရှိခြင်းအတွက် ဖြစ်နိုင်သည့် အကြောင်းပြချက်များ ကျန်ရှိနေပါသေးသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ပြည်သူများ၏ သတင်း ပေးပို့မှု များတွင် အစိုးရ၏ အရေးကြီးသော နျူကလီယာ စွမ်းရည်နှင့် ပတ်သက်၍ ထူထောင်မှုနှင့် ပတ်သက်၍ နီးစပ်သော သတင်းများ မရရှိပါ။ နျူကလီယာ အဆောက်အအုံများ ဆောက်လုပ်နေသော သတင်းများမှာ မခိုင်လုံဘဲ၊ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခြင်း မရှိဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အစီရင်ခံစာ က နိဂုံးချုပ် အဖြစ် ဖော်ပြထားရာတွင် သက်သေ အထောက်အထားများသည် အစိုးရက နျူကလီယာကို ငြိမ်းချမ်းရေး အတွက် သို့မဟုတ် စစ်ရေးအတွက် မည်သည့် အတွက်ဟု မသိနိုင်ဘဲ  ရှုတ်ထွေး နေဆဲ ဖြစ်သော်လည်း နျူကလီယာ စွမ်းရည်ကို ထူထောင်လိုသည် ဟူသော ကောက်ချက်ကိုသာ ဆွဲနိုင်လိမ့်မည်ဟု ဖော်ပြထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment