Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, By Ba Kaung, 3rd February 2010

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဖေဖော်ဝါရီလ အစီအစဉ်တွင် မြန်မာနိုင်ငံ အရေး မပါဝင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တင်ပြမည့်သူ မရှိသောကြောင့် ဖြစ်ကြောင်း၊ လုံခြုံရေး ကောင်စီ၏ အလှည့်ကျ သဘာပတိ ပြင်သစ်နိုင်ငံ သံအမတ်ကြီး Gerad Araud ၏ အဆိုအရ သိရှိရပါသည်။

Araud သည် ဖေဖော်ဝါရီလ အစီအစဉ်များနှင့် ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် အင်္ဂါနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ယခု အချိန်အထိ မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ မည်သည့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်ကမျှ အစီအစဉ်တွင် ထည့်သွင်းရန် တင်ပြလာခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါသည်။

တနင်္လာနေ့က ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ကြေညာချက် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၌ မီဒီယာ လွတ်လပ်ခွင့် မရှိခြင်းနှင့် လွတ်လပ်စွာ ဖော်ပြမှုများ အပေါ် ဖိနှိပ်မှုများကို ကန့်ကွက် ရှုတ်ချခဲ့ပါသည်။ အဆိုပါ ကြေညာချက်သည် ရန်ကုန်၌ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ဝေဖန်သူများက ပြောကြားရာတွင် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများနှင့် ၂၀၀၈ ခုနှစ် နာဂစ် ဆိုက်ကလုန်း နောက်တွင် လုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံအပေါ် ဂရုပြု၍ စောင့်ကြည့်လာခဲ့ပြီး၊ ကုလသမဂ္ဂ၏ ချိန်ဘာ အတွင်း မြန်မာနိုင်ငံ အရေးမှာ အရန် အရေး ကိစ္စတစ်ခု ဖြစ်လာခဲ့ပါသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Ban Ki-moon သည် ယမန်နှစ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ထပ်မံ တောင်းဆိုခဲ့ရာ ငြင်းပယ်ခံခဲ့ရပါသည်။

ပြီးခဲ့သည့် လက Ban Ki-moon သည် ဂမ်ဘာရီ၏ နေရာတွင် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ခန့်အပ်ရေးအတွက် ရှာဖွေနေဆဲ ဖြစ်ကြောင်း၊ ယာယီအားဖြင့် ၎င်း၏ အရာရှိချုပ် Vijay Nambiar ကို ခန့်အပ်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖွဲ့ကို အဖွဲ့ဝင် (၁၄) ဦးဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက တည်ထောင် ပေးထားရာ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် နောက်ဆုံး တွေ့ဆုံခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ယခုအပတ်တွင် တောင်ကိုရီးယားသို့ သွားရောက်မည် ဖြစ်ရာ တောင်ကိုရီးယား တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဆွေးနွေးရန် ရှိကြောင်း ဆိုးလ်မှ လာသော သတင်းများအရ သိရှိရပါသည်။

သတင်းတစ်ခု၏ အဆိုအရ အမေရိကန် အစိုးရသည် တောင်ကိုရီးယားအား မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကိစ္စကို လှုပ်ရှားရာတွင် တက်ကြွစွာ ပါဝင်စေလိုပြီး ဆိုးလ်၏ ပါဝင်မှုသည် အခြားနိုင်ငံများကို ပါဝင်လာရန် အားပေးရာ ရောက်သည်ဟု မျှော်လင့်သောကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

ဝါရှင်တန်၏ မြန်မာနိုင်ငံနှင့် တိုက်ရိုက် ဆက်ဆံရေး အစီအစဉ်အရ Kurt Campbell သည် ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာအစိုးရ အပေါ် စိတ်အနှောင့်အယှက် ဖြစ်မှုကို ဖော်ပြခဲ့ပြီး Campbell က မကြာသေးမီက ကွန်ဂရက် အစည်းအဝေး တစ်ခုတွင် ဆီနိတ်တာများအား ပြောကြားရာ၌ မိမိတို့ ပထမ ခြေလှမ်းအဖြစ် ကြိုးစားကြည့်ကြောင်း သို့သော် အရေးကြီးသော အချက်ကို ပြောလိုသည်မှာ ကပွဲခန်းမတွင် တစ်ဦးတည်း မကနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ခွဲခြမ်း စိတ်ဖြာ လေ့လာသူများက ပြောကြားရာတွင် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ ချဉ်းကပ်မှုများ ရပ်ဆိုင်းသွားနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန် အစိုးရက မြန်မာ့အရေးကို ၎င်းတို့ကိုယ်တိုင် အစိုးရနှင့် တိုက်ရိုက် ဆက်ဆံ၍ ဖြေရှင်းရန် လိုလားသောကြောင့် ဖြစ်ကြောင်း သုံးသပ်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment