Transparency Myanmar

transparency.myanmar@gmail.com

AFX UK Focus, 3rd February 2010

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံတကာ ပို့ဆောင်ရေး လုပ်ငန်း တစ်ခု ဖြစ်သည်။ Myanmar Airways International  (MAI)  ၏ အစုရှယ်ယာ  ၈၀ %  ကို ပြည်တွင်းဘဏ် တစ်ခုက ဝယ်ယူလိမ့်မည်ဟု အပတ်စဉ်ထုတ်  7-Days News  ဂျာနယ်က ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်ပါသည်။

MAI ၏ ပိုင်ဆိုင်မှု အများစုကို မြန်မာနိုင်ငံသားပိုင် ကမ္ဘောဇဘဏ် သို့ လွှဲပြောင်းပေးမည် ဖြစ်ပြီး၊ အစိုးရပိုင် ပြည်တွင်း ပြေးဆွဲနေသော မြန်မာ့လေကြောင်းက ၂၀ % သာ ပိုင်ဆိုင်မည် ဖြစ်ကြောင်း  7-Days  က ဖော်ပြထားပါသည်။

ကမ္ဘောဇဘဏ် ပါဝင်သော ကုမ္ပဏီ အုပ်စုသည် အနောက်နိုင်ငံများက အရေးယူထားသော မြန်မာ ကုမ္ပဏီများတွင် တစ်ခု အပါအဝင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်သည် ၁၉၆၂ မှ စ၍ ပုံစံမျိုးစုံနှင့် အုပ်ချုပ်လာခဲ့ရာ ယခုအခါ ယခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက သို့ လွှဲပြောင်းရန် တွန်းအား ပေးလျက် ရှိနေပါသည်။

MAI သည်  Airbus  A-320 ၊  Airbus  A-319  နှင့်  Boeing  737-400  တို့ဖြင့် စင်္ကာပူ၊ ကွာလာလမ်ပူ၊ ဘန်ကောက်နှင့် ဂါယာတို့ သို့ ပျံသန်းလျက် ရှိပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment