Transparency Myanmar

transparency.myanmar@gmail.com

democracyforburma.wordpress.com, 4th February 2010

ထိုင်းနိုင်ငံ Khun Yuam နယ်  Tambon Mae Ngao  ရှိ  Ban Ton Noon  နယ်စပ် ဖြတ်ကျော် စခန်း အဖြစ် အဆင့် မြှင့်တင်မည် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေး ဋ္ဌာန ဒုဝန်ကြီးက ကျေညာခဲ့ပါသည်။ ၎င်း စခန်းသည် ထိုင်းနိုင်ငံ Khun Yuam နယ်နှင့် မြန်မာနိုင်ငံ မယ်ချယ်  (Mae Chae)  တို့ အကြားရှိ နယ်စပ် စခန်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီး၊ မဲဟောင်ဆွန် မြို့တော်ဝန် Kamthorn Thawornsathit ၊ ကုန်သွယ်ရေး ညှိနှိုင်းရေး ဋ္ဌာနမှ ဗိုလ်ချုပ်ကြီး  Boonyarit Kalayanmit  နှင့် မဲဟောင်ဆွန် ကုန်သည်ကြီးများ အသင်းမှ ဥက္ကဋ္ဌ  Supoj Klinpraneet  တို့သည် ရန်ကုန်မြို့တွင် ဇန်နဝါရီလ  ၄ရက်မှ ၂၈ရက် အတွင်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်စိုးသိန်းနှင့် တွေ့ဆုံခဲ့ပါသည်။

အာဆီယံ သဘောတူချက်များ အသက်ဝင်ရေး အတွက် နယ်စပ် ကုန်သွယ်ရေး၊ ခရီးသွား ကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ တိုးတက်ရေးများ ပါဝင်သော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို မဲဟောင်ဆွန် တွင် ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ ကူးသန်း ရောင်းဝယ်ရေး ဋ္ဌာန ဒုဝန်ကြီး  Alongkorn Polbutre၊ မြန်မာနိုင်ငံမှ ကုန်သွယ်ရေး ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်းမှ ဒါရိုက်တာများ တက်ရောက်ခဲ့  ကြပါသည်။ စီးပွားရေး လုပ်ငန်းရှင် များကလည်း နယ်စပ် ကုန်သွယ်ရေးနှင့် ခရီးသွား ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး အတွက် နည်းလမ်းများ ရှာဖွေခဲ့ကြပါသည်။

အစည်းအဝေး ပြီးဆုံးသောအခါ တက်ရောက်သူများသည်  ထိုင်း-မြန်မာ နယ်စပ် ရှိ Ton Noon နယ်စပ် ဖြတ်ကျော် စခန်းသို့ သွားရောက် ကြည့်ရှုကြပါသည်။ Ton Noon နယ်စပ် စစ်ဆေးရေး စခန်း ဖွင့်လှစ်နိုင်ခဲ့လျှင် မယ်ဟောက်ဆွန်၏ Khun Yuam နယ်သည် မြန်မာနိုင်ငံ၏ တောင်ငူ၊ ပြည် နှင့် ကမ်းရိုးတန်းမြို့  သံတွဲ တို့ဖြင့် ဆက်သွယ် နိုင်မည် ဖြစ်ကြောင်း ဒုဝန်ကြီး  Alongkorn  က ပြောပါသည်။

Khun Yuam နယ် အပိုင် Ban Ton Noon နယ်စပ် ဖြတ်ကျော် စခန်းသည် ကီလိုမီတာ ၃၀ ခန့် ရှည်ပြီး၊ ထိုစခန်းမှ မြန်မာနိုင်ငံ တောင်ငူမြို့သို့  ကီလိုမီတာ ၂၀၀ ခန့်သာ ဝေးကြောင်း ၎င်းက ဖြည့်စွက် ပြောပါသည်။

ယခု အစည်းအဝေးနှင့် နယ်စပ် စခန်းသို့ သွားရောက် စစ်ဆေးခြင်းများသည် မြန်မာနှင့် မယ်ဟောင်ဆွန် နယ်များ အကြား ဆက်ဆံရေး တိုးမြှင့်ရေး အတွက် ပထမ ခြေလှမ်း ဖြစ်ပြီး၊ ပြီးခဲ့သည့် နှစ်က ထိုင်း ဒုတိယ ဝန်ကြီး  Alongkorn  မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ် အရ ထွက်ပေါ်လာသော ထိုင်း အစိုးရ မူဝါဒ အရလည်း ဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်း အစိုးရသည် မယ်ဟောင်ဆွန်နှင့် မြန်မာကြားတွင် ကုန်သွယ်ရေးနှင့် ခရီးသွား ကဏ္ဍ တိုးတက်ရေး အတွက် နယ်စပ် ဖြတ်ကျော် စခန်းများ ပိုမို ဖွင့်လှစ်နိုင်ရေး အတွက် ရည်မှန်းထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment