Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 5th February 2010

ထိုင်းနိုင်ငံ တပ်ခ် ခရိုင်နှင့် ကရင် ဒုက္ခသည် (၁၆၁) ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့မည့် ထိုင်းစစ်တပ်၏ အစီအစဉ် ရပ်ဆိုင်းစေရေး အတွက် ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဝဲ့က တောင်းဆိုပေးရန် အခွင့်အရေး အဖွဲ့များက လိုလားနေပါသည်။

ဒုက္ခသည်များအား ဇာတိဒေသသို့ ပြန်ပို့ပါက ၎င်းတို့အတွက် အန္တရာယ် ရှိလိမ့်မည်ဟု လူ့အခွင့်အရေး အဖွဲ့များက စောဒက တက်နေပါသည်။

ထိုင်းစစ်တပ်ကမူ ဒုက္ခသည်များသည် ၎င်းတို့ ဆန္ဒအလျောက်သာ အိမ်ပြန်ခြင်း ဖြစ်သည်ဟု ခုခံ ပြောကြားပါသည်။

တပ်ခ် ပြည်နယ်၊ ဆောင်ရန် ခရိုင်မှ ကရင် ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းနှင့် စပ်လျဉ်း၍ ရပ်ဆိုင်းပေးရန် အိတ်ဖွင့် ပေးစာကို ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ (၄၀) ကျော်က ဝန်ကြီးချုပ် အဘီဆစ်ထံ ယမန်နေ့က ပေးပို့ခဲ့ပါသည်။

ဒုက္ခသည်များအား ပြန်ပို့မည့် အစီအစဉ်ကို ယနေ့ ဖေဖော်ဝါရီ (၅) ရက်တွင် စတင်ပြီး ဖေဖော်ဝါရီ (၁၅) ရက်အထိ သတ်မှတ်ထားသည်ဟု ဆိုပါသည်။

တပ်ခ် ပြည်နယ်နှင့် မျက်နှာချင်းဆိုင်ရှိ ၎င်းတို့၏ ဇာတိမြေသည် နင်းမိုင်းများ မြှုပ်ထားသောကြောင့် အန္တရာယ် ရှိသည်ဟု သိရပါသည်။

အနာဂါတ်တွင် ပြန်ပို့မည့် အစီအစဉ်များကို ခွင့်ပြုရန် လူ့အခွင့်အရေး အဖွဲ့များက ထိုင်းစစ်တပ်ကို တောင်းဆိုထားပါသေးသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ ပြန်ပို့မည့် အစီအစဉ်ကို ကန့်ကွက်ရန် ဆောင်ရန်ခရိုင် ရှိ အစိုးရရုံးရှေ့တွင် ယနေ့ ချီတက် ဆန္ဒပြကြမည် ဖြစ်သည်။

မြန်မာ ပြည်တွင်းသို့ ပြန်၍ ၎င်းတို့၏ ကျွဲ နွားများကို သွားကြည့်သော ဒုက္ခသည် (၅) ဦးမှာ ယခင် စစ်ပွဲများတွင် မြှုပ်ထားသည့် မိုင်းများကြောင့် သေဆုံး ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင် အမျိုးသမီး အဖွဲ့အစည်းက ပြောကြားပါသည်။

ဇန်နဝါရီ (၁၈) ရက်က (၁၃) နှစ် အရွယ် ကလေးတစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ခြေထောက်ပြတ် သွားခဲ့သည်ဟုလည်း ဆိုပါသည်။

ထိုင်းရှေ့နေများ ကောင်စီမှ ဆူရာပေါင် ထောင်ချဉ်တပ်က ပြောကြားရာတွင် ထိုင်းစစ်တပ် တတိယ အကြီိးအကဲသည် အမျိုးသား လုံခြုံရေး ကောင်စီကို တိုင်ပင်ခြင်း မပြုပဲ ဒုက္ခသည်များ ပြန်ပို့ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်ဟု ဆိုပါသည်။

ဒုက္ခသည်များသည် လူကုန်ကူးသူများ၏ သားကောင်များ အဖြစ် ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု ၎င်းက မှန်းဆထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment