Transparency Myanmar

transparency.myanmar@gmail.com

Reuters and AlertNet, 2nd February 2010

ဂျပန် အစိုးရ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မဲလ ဒုက္ခသည် စခန်းသို့ ရောက်ရှိလာကြပြီး ဂျပန်နိုင်ငံတွင် ပြန်လည် နေရာချထားရေး အတွက် လျှောက်ထားကြသော ဒုက္ခသည်များကို တွေ့ဆုံ မေးမြန်းခြင်းကို စတင်ပြုလုပ်ကြပါသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံက သုံးနှစ် အတွင်း ပြန်လည် နေရာချထားရေး ရှေ့ပြေး အစီအစဉ်အရ မဲလ စခန်းမှ မြန်မာ ဒုက္ခသည် ဦးရေ (၉၀) ကို လက်ခံမည် ဖြစ်ကြောင်း ကြေညာခဲ့ရာ ဂျပန်နိုင်ငံသည် အာရှတိုက်တွင် ပြန်လည် နေရာချထားရေး ပြုလုပ်သော ပထမဆုံး နိုင်ငံ ဖြစ်ပြီး၊ ပထမ ခြေလှမ်း အဖြစ် စတင်လိုက်ခြင်း ဖြစ်ပါသည်။

ယခု အပတ်အတွင်း လူတွေ့ မေးမြန်းခြင်း ခံရမည့် ဒုက္ခသည်များသည် UNHCR မှ ပြန်လည် နေရာချထားရေး အတွက် အရေးတကြီး လိုအပ်သူများ အဖြစ် အသိအမှတ် ပြုခံထားရသူများ ဖြစ်ပါသည်။ ၎င်းတို့သည် ဒုက္ခသည် စခန်းတွင် ၁၀နှစ်မှ နှစ် ၂၀ အတွင်း နေထိုင်နေကြပြီး၊ သူတို့ အတွက် လောလောဆယ် အဖြေရှာ မတွေ့သေးသူများ ဖြစ်ပါသည်။ ၎င်းတို့ကို ပြန်လည် နေရာချထားရေး အတွက် နောက်ဆုံး ဆုံးဖြတ်ချက်သည် ဂျပန်နိုင်ငံ အပေါ်တွင်သာ မူတည်မည် ဖြစ်ပါသည်။

အကယ်၍ အစီအစဉ် အားလုံး ချောချောမွေ့မွေ့ ရှိမည် ဆိုလျှင် ပထမဆုံး မိသားစုသည် ယခုနှစ် စက်တင်ဘာလတွင် ဂျပန်သို့ စတင် သွားရောက်မည် ဖြစ်ပါသည်။ မဲလ စခန်းမှ ဒုက္ခသည် ၂၀၀၀၀ ကျော်သည် ပြန်လည် နေရာချထားရေး အစီအစဉ်အရ နိုင်ငံ အသီးသီးသို့ ရောက်ရှိပြီး ဖြစ်ပါသည်။ မဲလ စခန်း အပါအဝင် ဒုက္ခသည် စခန်း (၉) ခုမှ ဒုက္ခသည် ၅၅၀၀၀ ကျော်ကို ၂၀၀၅ ခုနှစ်မှ စ၍ ပြန်လည် နေရာ ချထားပေးပြီး ဖြစ်ပါသည်။ ၎င်းတို့ အနက် အများစုသည် အမေရိကန်၊ သြစတြေးလျနှင့် ကနေဒါ သို့ ရောက်သွားကြပြီး၊ အနည်းစုသည် အခြား ရှစ်နိုင်ငံသို့ ရောက်သွားကြပါသည်။

ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံ၏ ပြန်လည် နေရာ ချထားရေး အစီအစဉ်ကို ကြိုဆို ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဂျပန်နိုင်ငံကို အခြား အာရှနိုင်ငံများက နမူနာ အဖြစ် မှတ်ယူရေး အပြင်၊ ထိုင်းနိုင်ငံတွင် ၂၅ နှစ်ထက် မနည်း ဝန်ထုပ် ဝန်ပိုး ဖြစ်နေသော မြန်မာ ဒုက္ခသည်များ အတွက် မျှဝေ ထမ်းဆောင်ပေးခြင်းနှင့်၊ ဒုက္ခသည်များ အတွက် ကူညီ၍ အဖြေရှာ ပေးသည့် အတွက် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment