Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, 6th February 2010

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် မဟုတ်သည့် ရုပ်သံလွှင့် ဋ္ဌာန MRTV-4 သည် အမေရိကန် အခြေစိုက် သတင်း ကွန်ယက် CNN ထုတ်လွှင့်နေခြင်းအား ရပ်ဆိုင်းလိုက်ခြင်း၏ ဖြစ်နိုင်ချေ ရှိသော အကြောင်းမှာ ဟေတီ ငလျင် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အမေရိကန် တပ်ဖွဲ့များ ကြီးမားစွာ ဝင်ရောက် ကူညီနေမှုကြောင့်ဟု ဆိုနိုင်ပါသည်။

"ဖေဖော်ဝါရီ (၁) ရက် က စပြီး  CNN လွှင့်တာကို ရပ်လိုက်တာပါ။ အရင်ကလည်း မြန်မာ သတင်းတွေ ပါလာရင် MRTV-4 က ဖြတ်နေကျပါ။ အခုတော့ သတင်းလိုင်း တစ်ခုလုံးကို ဖြတ်ပစ်လိုက်တာ" ဟု ရန်ကုန် သတင်းရပ်ကွက်က ဆိုပါသည်။

 ပြန်ကြားရေးဝန်ကြီး ဋ္ဌာန တာဝန်ရှိ ပုဂ္ဂိုလ်များက ကန့်ကွက်ခဲ့ပြီးနောက်  MRTV-4  ထုတ်လွှင့်သူများ က  CNN ကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

MRTV-4  သည် ပြန်ကြားရေး ဝန်ကြီးဋ္ဌာန၊  Forever Group Co.Ltd  နှင့်  Family Entertainment Group  တို့၏ ဖက်စပ်လုပ်ငန်း တစ်ခု ဖြစ်သည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ ၂၀၀၅ ခုနှစ် စတင် တည်ထောင်စဉ်ကပင်  CNN ကို တစ်ခုတည်းသော နိုင်ငံတကာ သတင်းလိုင်း အဖြစ်  MRTV-4  က ထုတ်လွှင့်ခဲ့ပါသည်။

ဖေဖော်ဝါရီ (၁) ရက် လုံးဝ ဖြတ်တောက်ခြင်း မပြုမှီ အထိ စစ်ဖက် အစိုးရက အကဲဆတ်သည့် မြန်မာ ဆက်စပ် သတင်းများနှင့် အခြားနိုင်ငံတကာ သတင်းများကို စိစစ် ဖြတ်တောက်ရန် အတွက် CNN သတင်းလိုင်းကို မိနစ် ၂၀  မှ မိနစ် ၃၀  အထိ နောက်ကျ၍ ထုတ်လွှင့်လေ့ရှိပါသည်။

၂၀၀၈ မေလတွင် ဖြစ်ပွားခဲ့သည့် နာဂစ်စ် ဆိုင်ကလုံးအပေါ် မြန်မာ အစိုးရ၏ တုံ့ပြန် ဆောင်ရွက်ပုံကို ကြီးမားသော ပြစ်တင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ချိန်မှ စ၍ ကမ္ဘာတဝှမ်း ရှိ အလားတူ သဘာဝ ဘေး အန္တရာယ်များအကြောင်း သတင်းထုတ်လွှင့်မှုနှင့် ပတ်သက်ပြီး အစိုးရက ထိတ်လန့် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများတွင် အမေရိကန် စစ်တပ်က အဓိက ကဏ္ဍမှ ပါဝင် ဆောင်ရွက် နေသည့် ကိစ္စများတွင် ဖြစ်ပါသည်။

နာဂစ်စ် ဆိုင်ကလုံးတွင် ခန်မှန်းခြေ လူပေါင်း ၁၄၀,၀၀၀ ခန့် အထိ သေဆုံးမှု မြင့်မားခဲ့ရခြင်းမှာ မုန်တိုင်းပြီးလျှင် ပြီးချင်း ရက်သတ္တပတ် အတွင်း နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများကို နိုင်ငံ အတွင်း ဝင်ခွင့်ပြုရန် အစိုးရက ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဝိုင်းဝန်း သတ်မှတ်ခဲ့ကြပါသည်။

ဟေတီတွင်လည်း ကယ်ဆယ်ရေး လုပ်ငန်း ကနဦး အဆင့်များတွင် နှောင့်နှေးမှုများ ရှိခဲ့သော်လည်း ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အခြေခံ အဆောက်အဦးများ ဆိုးဝါးစွာ ထိခိုက်ခဲ့ခြင်းနှင့် ဆင်းရဲ နွမ်းပါးသော ကာရစ် ဘီယံ နိုင်ငံ၏  (ဟေတီ)  အစိုးရ ယန္တရား  လုံးဝနီးပါး ပြိုလဲသွားမှုကြောင့်သာ ဖြစ်ပါသည်။

ဟေတီနိုင်ငံ ရုတ်တရတ် ကပ်ဘေး ဆိုက်မှုတွင် လူ့အသက်ပေါင်း  ၁၀၀,၀၀၀  မှ  ၂၀၀,၀၀၀  ကြား ဆုံးရှုံးခဲ့သည်ဟု ယုံကြည်ထားကြပါသည်။

၂၀၀၈ မေလဆန်း၌ နာဂစ်စ် ဆိုင်ကလုံးကြောင့် လူ ၂  သန်းခန့်  အိုးမဲ့ အိမ်မဲ့ ဖြစ်သွားချိန်တွင် ၎င်းတို့ လွန်ခဲ့သော တစ်နှစ်က မူကြမ်း ရေးဆွဲခဲ့သည့် အခြေခံ ဥပဒေကို ဆန္ဒ ခံယူပွဲဖြင့် အတည်ပြုမည့် အစီအစဉ်ကိုသာ ဦးစားပေး လုံးပန်းနေခဲ့ပြီး မုန်တိုင်းဒဏ်ခံ ပြည်သူများကိုမူ ''မင်းတို့ ဘာသာ မင်းတို့ ကြည့်လုပ်ကြ'' ဟူသော သဘောဖြင့် ပေလယျာကံ ပစ်ထားခဲ့ပါသည်။

အသက်ရှင် ကျန်သူများ၏ ကံကြမ္မာကို စိုးရိမ် ပူပန်ကြသော အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ကယ်ဆယ်ရေး ပစ္စည်းများကို တင်ဆောင်ထားသော စစ်သင်္ဘောများကို မြန်မာ ရေပိုင်နက် အနီးသို့ စေလွှတ်ခဲ့ကြပါသည်။

မေလ ကုန်ခါနီးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ကြားဝင် စေ့စပ်မှု နောက်ပိုင်းမှသာလျှင် နိုင်ငံတကာ NGO အဖွဲ့များကို ဆိုက်ကလုံး ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် ကယ်ဆယ်ရေး အကူအညီများ ထောက်ပံ့ရန် အစိုးရက ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment