Transparency Myanmar

transparency.myanmar@gmail.com

M & C News, 7th February 2010

          မြန်မာ အာဏာပိုင်များသည် ကယ်ဆယ်ရေး ဝန်ထမ်းများ၏ ဝင်ခွင့် ဗီဇာများနှင့် ခရီး သွားလာခွင့် ပါမစ်များကို ကြန့်ကြာစေခြင်းဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် နာဂစ် ဆိုက်ကလုန်း ဒဏ်ခံ ဒေသများရှိ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို နှောင့်နှေးစေလျက် ရှိသည်ဟု Media Reports က တနင်္ဂနွေနေ့တွင် ပြောကြားပါသည်။

မြန်မာနိုင်ငံရှိ နာဂစ်(စ်) ကယ်ဆယ်ရေး လုပ်ငန်းများ၏ အကြီးအကဲ William Sabandar က ပြောကြားရာတွင် မြန်မာအစိုးရ၏ လုပ်ငန်းအဆင့်ဆင့်အပေါ် ကြန့်ကြာအောင် ဆောင်ရွက်နေမှု ကြောင့် ၂၀၀၈  ဦးစားပေး အစီအစဉ် (PONREPP) အရ ဆောင်ရွက်နေသည့် ပြန်လည် ထူထောင် ရေး လုပ်ငန်းများ အတွက် အကျပ်အတည်း ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။

အဆိုပါ ကိစ္စများကို မကြာမီ အတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ အကယ်၍ ပြည်ဝင်ခွင့် ဗီဇာနှင့် ခရီးသွားလာခွင့် ပါမစ်များ ဆက်လက် ကြန့်ကြာနေပါက PONREPP လက်အောက်တွင် ဆောင်ရွက်ရမည့် စီမံကိန်းများလည်း နှောင့်နှေးပါလိမ့်မည်ဟု ၎င်းက မြန်မာတိုင်းမ် သို့ ပြောကြားပါသည်။

ဆိုင်ကလုန်း နာဂစ်(စ်)သည် ၂၀၀၈ မေလ (၂) ရက် နှင့် (၃) ရက်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို ဒီရေလှိုင်းများဖြင့် ဖုံးအုပ်ပစ်ခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ခန့်ကို သေဆုံး (သို့) ပျောက်ဆုံးစေခဲ့ပါသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသော ဒေသတွင်းသို့ နိုင်ငံခြား အထောက်အပံ့များနှင့် ပြည်ပ ကယ်ဆယ်ရေး ဝန်ထမ်းများအား ခွင့်ပြုရန် မလိုလားသော အတွေးခေါင်လွန်းသည့် မြန်မာစစ်ဖက် အုပ်ချုပ်သူများ၏ ဒေါသကို နာဂစ်(စ်)က မီးမွှေးသလို ဖြစ်ခဲ့ပါသည်။

နောက်ဆုံးတွင်မူ မြန်မာအစိုးရ၊ ကုလသမဂ္ဂ နှင့် အာဆီယံ အဖွဲ့ကြားတွင် အရေးပေါ်နှင့် ပြန်လည် ထူထောင်ရေး အတွက် လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ်ကို ချမှတ် နိုင်ခဲ့ပါသည်။

သို့ရာတွင် ယခု လပေါင်း (၂၀) ခန့် ကြာခဲ့သည့် တိုင်အောင် အဆိုပါ ဒေသတွင်း အကဲဖြတ်ရန် အပါအဝင် ပြဿနာများ ကျန်ရှိနေသေးသည်ဟု Sabandar ၏ အဆိုအရ သိရပါသည်။

နာဂစ်(စ်) အစီအစဉ် အချိန်ပိုင်းလိုက် သုံးသပ်ရေး တတိယအကြိမ် တင်ပြမှုကို ဖေဖော်ဝါရီ (၉) ရက်တွင် ရန်ကုန်၌ ကျင်းပပါမည်။

နိုဝင်ဘာ (၂၅) ရက်၌ ဘန်ကောက်တွင် ကျင်းပခဲ့သော ယခင် အစည်းအဝေးတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် နိုင်ငံတကာ အလှူရှင်များက ဒေါ်လာ ၉၀.၄ သန်း ကတိကဝတ် ပေးခဲ့ပါသည်။

အထက်ပါ အလှူငွေများ အနက်မှ ဒေါ်လာ ၇၁.၃ သန်းကို သုံးစွဲခဲ့ပြီး ဖြစ်သော်လည်း များစွာ လိုအပ်နေဆဲ ဖြစ်သည်ဟု Sarbandar က ဆိုပါသည်။

မုန်တိုင်းဒဏ်ခံ အဆောက်အဦး (Shelter) ကဏ္ဍတွင် ရန်ပုံငွေ ပိုမို လိုအပ်လျက် ရှိပြီး သတ်မှတ်ချက် မထားသည့် အလှူရှင်များအား အဆိုပါ ကဏ္ဍသို့ ခွဲဝေ လှူဒါန်းရန် တိုက်တွန်း လိုပါသည်ဟုလည်း ၎င်းက ပြောပါသည်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ရေရှည် ဖွံ့ဖြိုးရေး အစီအစဉ်များအကြား ထိရောက်သော ညှိနှိုင်း ဆောင်ရွက်မှု ရှိစေရန် အာဆီယံက မြန်မာ အစိုးရနှင့် ဆွေးနွေးနေသည်ဟု Sabandar က မြန်မာတိုင်းမ်သို့ ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment