Transparency Myanmar

transparency.myanmar@gmail.com

www.straitstimes.com , 14th February 2010

        ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီ ဒုတိယ ခေါင်းဆောင်သည် စနေနေ့က လွတ်မြောက်လာခြင်းကို ကြိုဆိုလိုက်ပြီး ကျန်နေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

          အားလုံး ပါဝင်နိုင်၍ ယုံကြည် လေးစားလောက်ဖွယ် ရှိသော နိုင်ငံရေး လုပ်ငန်းစဉ်ကို ရှေ့ရှုသည့် မဖြစ်မနေ လုပ်ရမည့် အဆင့် တစ်ခုအဖြစ် အစိုးရနှင့် NLD အကြား ကျယ်ပြန့် ထိရောက်သော ဆွေးနွေးမှုများ ရှိလာရေး အတွက် ယခု တိုးတက်မှုက ဆောင်ရွက် ပေးနိုင် လိမ့်မည်ဟု ယုံကြည်မိကြောင်း ဘန်ကီမွန်းက ပြောကြားခဲ့သည်။

          အသက် ၈၃ နှစ်ရှိ ဦးတင်ဦးကို ရန်ကုန်မြို့ နေအိမ်တွင် ၆ နှစ်ကြာ အကျယ်ချုပ် ဖမ်းဆီးထားမှု သက်တမ်း ပြည့်သွားသောကြောင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

          ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၎င်းထုတ်ပြန်သော ကြေညာချက်တွင် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပေါ် တားမြစ် ပိတ်ပင်မှုများကို နှောင့်နှေးမှု မရှိ ရုတ်သိမ်းပေးရန်နှင့် ကျန် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် မြန်မာ အစိုးရကို တောင်းဆိုထားခြင်းအား ထပ်မံ ဖော်ပြလိုပါသည်ဟု ပြောကြား ထားသည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (၆၆ နှစ်) သည် ၁၉၉၀ ရွေးကောက်ပွဲများ တွင် သူမ၏ ပါတီ သိမ်းကြုံး အနိုင်ရရှိခဲ့ခြင်းကို အစိုးရက အသိအမှတ် မပြု ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်း ခံနေရသည်။

          မြန်မာ အစိုးရက ၎င်းတို့ အသံကောင်း ဟစ်ထားသော ဒီမိုကရေစီ လမ်းညွှန် မြေပုံအရ ရွေးကောက်ပွဲများကို ၂၀၁၀ တွင် ကျင်းပမည်ဟု ကတိပေးထားသော်လည်း ယခုတိုင် ရက်သတ်မှတ် ရခြင်း မရှိသေးသလို စစ်အုပ်ချုပ်ရေး အမြစ်တွယ်စေမည့် အစီအစဉ်သာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သတ်မှတ် ပြောကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment