Transparency Myanmar

transparency.myanmar@gmail.com

Shan Herald Agency for News, 12th February 2010

မြန်မာနိုင်ငံသည် တရုတ် ကုမ္ပဏီ နှစ်ခုနှင့် ပူးပေါင်း၍ ဝ နှင့် မိုင်းလား ဒေသများတွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည် ၇ ခု တည်ဆောက်ရန် စီစဉ်နေသည်ဟု အင်တာနက် သတင်းများ အရ သိရသည်။

အဆိုပါ ဒေသ နှစ်ခု စလုံးသည် အပစ်ရပ် အဖွဲ့များအား မြန်မာ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များ အဖြစ် အသွင်ပြောင်းမည့် နေပြည်တော်၏ အစီအစဉ်ကို လက်နက်ကိုင် ဆန့်ကျင်နေသာ ဒေသများ ဖြစ်သည်။

သတင်း ဖော်ပြချက်များအရ Yunnan Power Grid Corporation နှင့် State Development and Investment Corporation (SDIC) Huajing power Holdings တို့သည် ၂၀၀၈ ခုနှစ် အတွင်း အစီအစဉ်များ ရေးဆွဲ ပြီးစီးခဲ့ကြပြီး မြန်မာ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနသို့ တင်ပြထားသည် ဟု သိရသည်။

၂၀၀၉ မေလနှင့် ဒီဇင်ဘာလတွင် ဝန်ကြီးဋ္ဌာနက အဆိုပါ စီမံကိန်း အစီအစဉ်များကို အတည်ပြုခဲ့ပါသည်။ ယခု အချိန် အထိ စီမံကိန်း ကနဦး ကြိုတင် လေ့လာမှု ပြီးစီးသွားပြီ ဖြစ်၍ နန့်ခ မြစ်ကြောင်း ရေအားလျှပ်စစ် စက်ရုံ များ၏ ပြင်ပ စုံစမ်း စစ်ဆေးမှု  လုပ်ငန်းများကို စတင်နေပြီဟု ဆိုသည်။

စတင် အကောင်အထည် ဖော်နေသော ရေအားလျှပ်စစ် စီမံကိန်း များမှာ သံလွင် မြစ်လက်တက် တစ်ခု ဖြစ်သော နမ့်ခမြစ်ပေါ်တွင် စီမံကိန်း တစ်ခု (၎င်းမြစ်သည် ဝ မြို့တော် ပန်ဆိုင်းကို ဖြတ်သန်း စီးဆင်းသည်) ၊ ထို့နောက် မိုင်းလား အခြေစိုက် NDAA တပ်ဖွဲ့ ထိန်းချုပ်နယ်မြေကို ဘောင်ခတ်ပေးနေသဖွယ် ဖြစ်နေသော နမ့်လွယ်မြစ် ( မဲခေါင်၏ လက်တက်) ပေါ်တွင် စီမံကိန်း    ခု တို့ ဖြစ်သည်။

YPGC ၏ ဒုတိယ အထွေထွေ မန်နေဂျာ ဝမ်ဝင်းနှင့် SIDC Huajing Power Holding ဒါရိုက်တာ ဟူဂန် တို့သည် စီမံကိန်းများ အကောင်အထည် ဖော်ရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၄ ရက် တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်ဟု သတင်းများ အရ သိရသည်။

မိုင်းလား ခေါင်းဆာင်ပိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားရာတွင် '' ဒီကိစ္စက ကျွန်တော်တို့ကို တရုတ်လက်နဲ့ အငှားသတ်ဖို့ ကြံစည်တဲ့ မြန်မာ အစိုးရ  SPDC  ရဲ့ အစီအစဉ် တစ်ခု ဖြစ်နိုင်ပါတယ်၊ သူတို့ကို ဆန့်ကျင်ဖို့ လွယ်သလောက် တရုတ်ကို ဆန့်ကျင်ဖို့ ခက်တယ် ဆိုတာကို စစ်ဗိုလ်ချုပ်တွေက သိနေတယ်လေ''  ဟု ဆိုသည်။

မိုင်းလား အဖွဲ့၏ နံပါတ် ၆ ခေါင်းဆောင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရပြီးနောက် ကျင်းပခဲ့သော အစည်းအဝေး တစ်ခုတွင် ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက ''မြန်မာ့စစ်တပ်က တိုက်ခိုက်စရာ မလိုဘဲ အပစ်ရပ် တပ်ဖွဲ့များ ပျက်စီးတော့မည်'' ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment