Transparency Myanmar

transparency.myanmar@gmail.com

The New Kerala, 22 Feb 2010

         မြန်မာနိုင်ငံ တပ်မတော်ရေမှ ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် ယခုအခါ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် တရားဝင် အလည်အပတ် ရောက်ရှိနေပြီး ကာကွယ်ရေးဝန်ကြီး A.K.Antony နှင့်အတူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Deepak Kapoor ၊ အိန္ဒိယ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Nirmal Verma ၊ လေတပ် ဒုဦးစီးချုပ်၊ ဗိုလ်ချုပ် P.K. Barbooa တို့နှင့် ယနေ့တွေ့ဆုံ ပါသည်။

          ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းသည် ဖေဖော်ဝါရီလ ၂၅ ရက် ကြာသပတေးနေ့အထိ ရှိနေမည် ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံ အရှေ့ဖက်တွင် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ၁၆၄၅ ကီလိုမီတာ ထိစပ်နေပါ သည်။

          မကြာသေးမီက မြန်မာနိုင်ငံသည် သြစတြေးလျ၊ နယူးဇီလန်တို့ အပါအဝင် တောင်အာရှနှင့် အာရှပစိဖိတ် ၁၃ နိုင်ငံ ရေတပ်သရုပ်ပြပွဲ Milan ၂၀၁၀ တွင် ပါဝင်ခဲ့ပါသည်။

          ငါးရက်ကြာ အဆိုပါပြပွဲကို အိန္ဒိယနိုင်ငံမှ ကြီးမှူးကျင်းပပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ကစ၍ Andaman ရှိ Blair ဆိပ်ကမ်းနှင့် နီကိုဗာကျွန်းများတွင် ပြုလုပ်ခဲ့ပါသည်။ သြစတြေးလျ နယူးဇီလန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရုနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီ ယက်နမ်တို့ အဆိုပါ ရေတပ်သရုပ်ပြပွဲတွင် ပါဝင်ခဲ့ပါသည်။

          တရုတ်တို့သည် ၎င်းတို့၏ ရေတပ်ကို တိုးချဲ့၍ ဒေသတွင်း လွှမ်းမိုးလာမည်ကို စိုးရိမ်သော ကြောင့် အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Nirmal Verma က ဤ Milan အဖွဲ့သည် လုံခြုံရေး အတွက် ဖွဲ့စည်းသော အဖွဲ့မဟုတ်ကြောင်း အထပ်ထပ်အခါခါ ပြောခဲ့ပါသည်။

          အိန္ဒိယသည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ခြေကုတ်ယူထားသော သူပုန်များအား တိုက်ခိုက် ရာတွင် မြန်မာနိုင်ငံအား အကူအညီ တောင်းခံလျက်ရှိပါသည်။ ထို့အပြင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးသည် အထီးကျန်ပြီး၊ ဆင်းရဲသော နယ်စပ်ဒေသများ တိုးတက်လာရန် မျှော်လင့်နေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment