Transparency Myanmar

transparency.myanmar@gmail.com

Mizzima, By Khai Suu, 22 Feb 2010

          မြန်မာစစ်အစိုးရ၏ ကိုယ်ချင်းမစာဘဲ အာဏာအသုံးပြုပုံ ကိစ္စတစ်ရပ် ထွက်ပေါ်လာပြန်ပြီဖြစ် သည်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်(၂)ရပ်ကွက် မုဒိတာလမ်းရှိ အိမ်ထောင်စု(၂၆၀)အား ပြောင်းရွှေ့ရန် အစိုးရက အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုခဲ့ပါသည်။

          အဆိုပါ မုဒိတာလမ်းရှိ နေအိမ်အများစုသည် လူတကိုယ်စာ ကျောချရုံတဲလေးများဖြစ်ပြီး အလွန်ဆင်းရဲသူများ နေထိုင်ကြသော ရပ်ကွက်ဖြစ်ပါသည်။

            မြောက်ဥက္ကလာပမြို့နယ် မဝတဥက္ကဌနှင့် အမှတ်(၂)ရပ်ကွက်ဥက္ကဌတို့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အမိန့်ထုတ်ခဲ့ပါသည်။ ရွှေ့ပြောင်းရန် အမိန့်ထုတ်ရာတွင် အကြောင်းပြချက်မှာ ယမန်နှစ် က ထိုရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ခဲ့၍ ဖြစ်သည်ဟုဆိုပါသည်။

          မိမိတို့အား ဇန်နဝါရီလတုန်းကလည်း ပြောင်းရွှေ့ရန် ပြောခဲ့ကြောင်း၊ မိမိတို့ကို ဘူးသီးတောင်သို့ ပြောင်းရွှေ့ခိုင်းကြောင်း အိမ်ထောင်စုတစ်စုလျှင် သုံးသိန်းကျပ် ပေးကြောင်း၊ မလိုက်နာသူများကို လက်မှတ်ထိုးခိုင်းကြောင်း၊ မိမိတို့ကမူ မပြောင်းနိုင်ကြောင်း လက်မှတ်ထိုးခဲ့ကြောင်း မုဒိတာလမ်းတွင် နေထိုင်သူတစ်ဦးက မဇ္ဇိုမသို့ပြောပါသည်။

          အဆိုပါရပ်ကွက်တွင် နေထိုင်သူအခြားတစ်ဦးက မိမိတို့သည် ဤရပ်ကွက်တွင် နေထိုင်လာ သည်မှာ ၃၅ နှစ် ရှိပြီဖြစ်ကြောင်း၊ စည်ပင်သို့လည်း အခွန်ပေးရကြောင်း၊ မိမိတို့အား ယခင်လာခဲ့သော မူရင်းဒေသသို့ ပြန်ရန်ပြောကြောင်း၊ အစိုးရက မိမိတို့အိမ်ကို ဖျက်ပစ်ချင်ပုံရကြောင်း၊ ယခုလို ခေတ်ဆိုးကြီးတွင် မိမိတို့ အခြားနေရာသို့ မပြောင်းရွှေ့လိုကြောင်းပြောပါသည်။

          အခြားကောလဟလများအရ ဒေသဆိုင်ရာ အာဏာပိုင်များသည် မေတ္တာ၊ မာဃ၊ နိဗ္ဗာန်၊ သစ္စာ၊ အောင်ဘောဂနှင့် အောင်ချမ်းသာလမ်းများမှ အခြားအိမ်ထောင်စု ၁၅၀၀ ကိုလည်း အတင်းအ ကြပ် ပြောင်းရွှေ့ခိုင်းလိမ့်မည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment