Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၊ သံလွင်မြစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းများကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားပြီ ဖြစ်ကြောင်း တရုတ်အစိုးရ အေဂျင်စီက အင်တာနက် ဝက်ဘ်ဆိုက်မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်းမှာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ကုန်ကျမည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား  ၇ ဒဿမ ၁ ဂစ်ဂါဝပ် ထွက်ရှိမည်ဟု ဆိုသည်။

တရုတ်နိုင်ငံပိုင် ပစ္စည်းများ ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေး ကော်မရှင်၏ (CSAAC) အဆိုအရ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။ စီမံကိန်းတွင် တရုတ်နိုင်ငံမှ China Three Corp၊ Sinohydro Crop နှင့် China Southern Power Grid တို့ ပါဝင်ကြောင်း၊ ယခုအခါ ယင်းကုမ္ပဏီကြီး သုံးခုမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း CSAAC က သတင်း ထုတ်ပြန်သည်။

စီမံကိန်း ပြီးဆုံးပါက ယင်း ရေအားလျှပ်စစ် စက်ရုံသည် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်လာမည် ဖြစ်ပြီး တရုတ်ကုမ္ပဏီကြီး သုံးခုသည် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ကတည်းက လုပ်ငန်းများ စတင် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ ယခုအခါ တည်ဆောက်ရေး အစီအစဉ်များအတိုင်း အကောင်အထည် ဖော်နေကြောင်း သိရသည်။

သို့သော် ထွက်ရှိလာမည့် လျှပ်စစ်စွမ်းအား အားလုံးကို မြန်မာနိုင်ငံတွင် အသုံးပြုမည်၊ သို့မဟုတ် တရုတ်နိုင်ငံသို့ တချို့တစ်ဝက် တင်သွင်းမည် ဟူသော အချက်ကို CASSC က ထုတ်ပြန်ကြေညာခြင်း မရှိပေ။ တရုတ်နိုင်ငံသည် စွမ်းအင် လိုအပ်လျက် ရှိပြီး ကာဗွန် ထုတ်လုပ်မှုကိုလည်း လျှော့ချရန် ဆန္ဒရှိသည်။ ထို့ပြင် တရုတ်က ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ပေါများသော သဘာဝရင်းမြစ်ကို အသုံးချမှုအဖြစ် ရှုမြင်ထားသည်။

တရုတ်နိုင်ငံပိုင် မီဒီယာ ဖြစ်သော Xinhua သတင်းဌာန အဆိုအရ တရုတ်နိုင်ငံသည် လာမည့် ၂၀၂၀ ပြည့်နှစ်မှ စ၍ လျှပ်စစ်စွမ်းအင် ၂၇၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ် ရယူနိုင်ရန် ရည်မှန်းထားသည်။

မြန်မာအစိုးရကလည်း နာမည်ကျော် သံလွင်မြစ်တစ်လျှောက် ရေကာတာကြီး ငါးခုအထိ တည်ဆောက်ပြီး အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ထောက်ပံ့ တင်ပို့နိုင်ရန် စီစဉ်လျက် ရှိသည်။ သို့အတွက်ကြောင့် အဆိုပါ နေရာများ၊ အထူးသဖြင့် ကိုးကန့်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသများတွင် နေထိုင်သော တိုင်းရင်းသား လူနည်းစုများကို ဖိအားပေးလျက် ရှိကြောင်း ထိုင်း မီဒီယာများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆော်သြသူများ၏ ဝက်ဆိုက်ဘ်များတွင် ရေးသား ဖော်ပြချက်များအရ သိရသည်။

မြန်မာအစိုးရက ယမန်နှစ်တွင် ကိုးကန့်ဒေသကို စစ်ရေးအရ နှိမ်နင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယခုအခါ တရုတ်နိုင်ငံက တာဝန်ယူ အကောင်အထည် ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်းများ တည်ရှိသည့် သံလွင်မြစ် အထက်ပိုင်းဒေသမှာ လုံခြုံစိတ်ချမှု ရရှိထားပြီး ဖြစ်သည်ဟု www.salweenwatch.org တွင် ဖော်ပြထားသည်။

Dow Jones သတင်းဌာန၏ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment