Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 2nd March 2010

          မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ရန်အတွက် ဆိပ်ကမ်းအသစ်များ ဆောက်လုပ်ရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်နေမှုအပေါ် မှတ်ချက်ပေးရန် ဟောင်ကောင် အခြေစိုက် Hutchison Port Holdings က ငြင်းဆိုလိုက်သည်။

          နိုင်ငံပိုင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရန်ကုန်နယ်မြေအတွင်းရှိ ဆိပ်ကမ်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်မည့် အစီအစဉ်များကို ကြေညာခဲ့သည်။ ကုန်သွယ်ရေး မြို့တော် ရန်ကုန်နှင့် ၂၅ ကီလိုမီတာ အကွာရှိ သီလဝါ ဆိပ်ကမ်းကို Hutchison ကုမ္ပဏီက လုပ်ကိုင်နှင့်ပြီး ဖြစ်သည်။

          Hutchison သည် ဟောင်ကောင် ဘီလျံနာ လီကာရှင်း ပိုင်ဆိုင်သော စီးပွားရေး အင်ပါယာတွင်းမှ လုပ်ငန်းတစ်ခု ဖြစ်ပြီး အာရှ၊ ဥရောပ တလွှားတွင် ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည်။

          ကမ္ဘာတလွှားရှိ အခြား Hutchison ဆိပ်ကမ်းများနှင့် နှိုင်းယှဉ်လျှင် ၇၅ ဟက်တာ ကျယ်ဝန်းသော သီလဝါဆိပ်ကမ်းမှာ ဝန်ဆောင်မှု၊ အကန့်အသတ် ရှိသော အလယ်အလတ် ဆိပ်ကမ်းတစ်ခုသာ ဖြစ်သည်။

          သီလဝါနှင့် ကပ်လျက်နေရာတွင် စီးပွားရေးဇုန်တစ်ခု အကောင်အထည် ဖော်ရန် အစိုးရက ယခင်ကပင် အဆိုပြုထားသည်။

          သီလဝါဆိပ်ကမ်းမှ လွဲ၍ မြန်မာ့ပင်လယ် ဆိပ်ကမ်းများသည် ရင်းနှီးမြှုပ်နှံရန် ဆိုးဝါးသော နေရာများအဖြစ် ဗြိတိန် ကုန်သွယ်ရေကြောင်းမှ လွှင်တင်ထားသော ပင်လယ်ရေကြောင်း ဝက်ဘ်ဆိုက်တွင် တင်ပြ ဆွေးနွေးထားသည်။

          Hutchison သည် မြန်မာနိုင်ငံတွင် ဆိပ်ကမ်းသစ်များ တိုးချဲ့ရန် စာချုပ် ချုပ်ဆိုလိမ့်မည်ဟု ကုန်သွယ်ရေး မီဒီယာများက ထင်ကြေးပေးနေကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment