Transparency Myanmar

transparency.myanmar@gmail.com

www.flightglobal.com, By Leithen Francis, 2nd March 2010

VIP ခရီးစဉ်နှင့် ခရီးသည် ပို့ဆောင်ရေးတွင် အသုံးပြုရန် မြန်မာအစိုးရက ပြည်တွင်း လေကြောင်းသုံး Antonov An-148 ဂျက်လေယာဉ် ၂ စီး မှာယူသော အော်ဒါကို ILyushin Finance (အီးလူးရှင်း ကုမ္ပဏီ) က လက်ခံ ရရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် အိမ်နီးချင်း လာအိုနိုင်ငံ ကဲ့သို့ပင် ပိုမို သေးငယ်သော ပန်ကာဒလက် အင်ဂျင် နှစ်လုံးတပ် An-140 လေယာဉ်ကို ဝယ်ယူရန်လည်း မြန်မာက ဆွေးနွေးနေသည်ဟု ဆိုသည်။

          ယခုနှစ်အတွင်း ပေးပို့ရန် မှာယူထားသော An-148 လေယာဉ်များမှာ စာရင်းပြည့်သွားပြီ ဖြစ်သည်ဟု Antonov က ပြောကြားလိုက်ပြီး အဆိုပါ An-148 လေယာဉ်များကို ၂၀၁၁ နောက်ပိုင်းတွင် ထုတ်လုပ်တော့မည် မဟုတ်ဟုလည်း ဆိုသည်။

          An-140 လေယာဉ် သုံးစင်း ရောင်းချပေးရန် လာအို အစိုးရနှင့်လည်း ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ယူကရိန်းမှ လေယာဉ် ထုတ်လုပ်သူများက အတည်ပြုခဲ့ပြီး စာချုပ်ချုပ်ဆိုရခြင်း မရှိသေးဟုလည်း ပြောကြားသည်။

          VIP ခရီးစဉ်သုံး An-74 TK–300D ပြည်တွင်းသုံး ဂျက်လေယာဉ်ကို ၂၀၀၉ အောက်တိုဘာတွင် လာအိုသို့ ပို့ဆောင်မည် ဖြစ်ပြီး An-74 အသုံးပြုသော အစိုးရများတွင် အီဂျစ်နှင့် လစ်ဗျားလည်း ပါဝင်သည်ဟု Antonov က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment