Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 6 March 2010

          ယခုနှစ် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် လိုလားသော နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် Union Democracy Alliance (UDA) မှ ကိုယ်စားလှယ် ၄ ဦးနှင့် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ နိုင်ငံများမှ သံတမန်များသည် ရန်ကုန်မြို့ ဂျာမန်သံရုံးတွင် သောကြာနေ့က တွေ့ဆုံခဲ့ကြသည်။

          "ကျွန်တော်တို့ ပါတီရဲ့ ရည်မှန်းချက်တွေကို အသေးစိတ် ရှင်းပြခဲ့တယ်။ သူတို့ရဲ့ မေးခွန်းတွေကိုလည်း ဖြေခဲ့တယ်။ ဒါပေမဲ့ အစည်းအဝေးက ကျေနပ်ဖွယ် သိပ်မရှိဘူး၊ ပါတီဝင် အင်အားလိုမျိုး အရေးမကြီးတဲ့ မေးခွန်းမျိုးတွေ မေးကြတာကြောင့်ပါ" ဟု UDA စည်းရုံးရေး၊ တာဝန်ခံ ဦးအုန်းဆွေက ပြောကြားသည်။

          "အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မကြေညာရသေးတဲ့ အချိန်မျိုး၊ တရားဝင် နိုင်ငံပါတီအဖြစ် ရပ်တည်ခွင့်တောင် မရှိသေးတဲ့ အချိန်မျိုးမှာ ပါတီဝင်အင်အားကို ခန့်မှန်း တာက အဓိပ္ပါယ်မရှိပါဘူး" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

          ဥရောပ ၄ နိုင်ငံ သံတမန်များနှင့် တွေ့ဆုံခဲ့သည့် UOA ကော်မတီ ၄ ဦးမှာ စစ်မှုထမ်းဟောင်း ရှမ်း နိုင်ငံရေးသမား ဦးအုန်းရွှေ၊ သိန်းသန်းအောင်၊ နေမျိုးဝေနှင့် ကိုကိုကြီး တို့ ဖြစ်ပါသည်။

          UOA က ပြောကြားရာတွင် "အခုက စည်းရုံးဆဲအဆင့်ပဲ ရှိသေးတယ်၊ ရွေးကောက်ပွဲ ဥပဒေလည်း မကြေညာသေးဘူး၊ နိုင်ငံပါတီအဖြစ် မှတ်ပုံတင်ခွင့်လည်း မရသေးဘူး၊ ပါတီဝင်အင်အားကို ခန့်မှန်းဖို့ ခက်ပါတယ်" ဟု မှတ်ချက် ပေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment