Transparency Myanmar

transparency.myanmar@gmail.com

KNU ခေါင်းဆောင်ဟောင်း ဖဒိုမန်းရှာ၏ သမီးဖြစ်သူ ဇိုရာဖန်းအား ကမ္ဘာ့စီးပွားရေး ဖိုရမ်က ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင် (Global Yong Leader) အဖြစ်ရွေးချယ် လိုက်ကြောင်း သိရပါသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များ ဆွေးနွေးပွဲ၌ ပြည်ပြေး လူငယ်နိုင်ငံရေး လှုပ်ရှားသူ မစ္စ ဇိုရာဖန်းအား လူငယ်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

Burma Campaign UK ၏ နိုင်ငံတကာရေးရာ စေ့စပ် ညှိနှိုင်းရေးမှူး လည်းဖြစ်သော မစ္စဖန်း သည် နိုင်ငံတကာမှ လူငယ်ပေါင်း ၂၀၀ အနက် ကမ္ဘာ့လူငယ် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်သည် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာမှ လူငယ်များ၏ လူမှုရေး စွမ်းဆောင်နိုင်မှု နှင့် ကမ္ဘာကြီး၏ အနာဂတ်ကို ပုံဖော်ပေးနိုင်သူ လူငယ်များအား Global Young Leader) အဖြစ် ရွေးချယ်လေ့ ရှိပါသည်။

"မြန်မာနိုင်ငံကို ကမ္ဘာက ပိုပြီးအာရုံစိုက်လာအောင် Burma Campaign UK အဖွဲ့ကနေ လည်းကောင်း၊ ကရင်တိုင်းရင်းသား အဖွဲ့အစည်းများကနေ သော်လည်းကောင်း ကြိုးပမ်း ပေးနေပါတယ်" ဟု မစ္စဖန်းက DVB သို့ ပြောကြားပါသည်။

"ကျွန်မအခုလို လူငယ်ခေါင်းဆောင်အဖြစ် ဂုဏ်ပြုချီးမြှောက်ခြင်း ခံရတာဟာ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကရင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်ရဲ့ မတ ရား ပြုလုပ်မှုတွေကို ကမ္ဘာက သိအောင် အစွမ်းကုန် လုပ်ခဲ့လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အာရုံ စိုက်လာအောင် မီဒီယာတွေ၊ အသင်းအဖွဲ့တွေ ကနေ တစ်ဆင့် လုပ်ခဲ့လို့ပါ" ဟု ၎င်းက ဆက်လက် ပြောဆိုပါသည်။

ကမ္ဘာ့ လူငယ်ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခုနှစ်အတွက် တန်ဇန်နီးယား နိုင်ငံ၊ Dar es Salaam မြို့တွင် မေလ ၂ ရက်နေ့မှ ၇ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ထိပ်သီးဆွေးပွဲတွင် ကမ္ဘာ့လူငယ် ခေါင်းဆောင် အမြောက်အမြား တက်ရောက် ကြလိမ့်မည် ဟု ဆိုသည်။

DVB သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment