Transparency Myanmar

transparency.myanmar@gmail.com

The Nation , 6 March 2010

ကမ္ဘာအသိုင်းအဝိုင်းသည် မြန်မာအစိုးရအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် တိုက်တွန်းနေသည့် တချိန်တည်းမှာပင် မြောက်ကိုရီးယားနှင့် ဝေးဝေးနေစေရန်လည်း ဆောင်ရွက်သင့်လှပေသည်။

အမေရိကန်အစိုးရသည် မြန်မာအစိုးရနှင့် ပြီးခဲ့သည့် သြဂုတ်လကစ၍ အဆင့် မြင့်တွေ့ဆုံမှု လေးခု ပြုလုပ်ခဲ့ပါသည်။ အမေရိကန်တို့ မြန်မာနိုင်ငံနှင့် ဆက်ဆံရခြင်း အဓိက အကြောင်းရင်း နှစ်ခုရှိပါသည်။

ပထမတစ်ချက်မှာ မြန်မာအစိုးရအား အားလုံးပါဝင်ပြီး လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲ ဖြစ်စေရေး နားချရန်ဖြစ်ပါသည်။ ဒုတိယအချက်မှာလည်း အရေးကြီး ပါသည်။ မြောက်ကိုရီးယားနှင့် မြန်မာအစိုးရ အကြား လက်နက်များ ရောင်းဝယ်ခြင်းနှင့် နျူကလီးယား လက်နက် ပြန့်ပွားလာခြင်း များတွင် ခပ်ကင်းကင်း နေနိုင်ရေး ကြိုးစားရန် ဖြစ်ပါသည်။

ဝါရှင်တန် အနေဖြင့် မြန်မာအစိုးရအပေါ် စိတ်အားထက်သန်စွာ ပျော့ပျော့ပျောင်း ပျောင်း ချဉ်းကပ်ခြင်းဖြင့် ရွေးကောက်ပွဲအား နိုင်ငံတကာက လက်ခံရေး၊ ရွေးကောက်ပွဲ ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆန့်နိုင်ရေး ပြုလုပ်နိုင်လိမ့်မည် ဟု ယုံကြည်ပါသည်။

ယခုအချိန်အထိမူ မြန်မာအစိုးရသည် ရွေးကောက်ပွဲကျင်းမည့် ရက်ကို သတ်မှတ်ရခြင်း မရှိသေးသလို၊ ရွေးကောက်ပွဲ ဥပဒေကိုလည်း အများမြင်သာအောင် ထုတ်ဖော်ခြင်း မရှိသေးပေ။ အစိုးရအတွင်းတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်အား ထက်သန်မှု ရှိပုံမရပေ။ အစိုးရထံတွင် သူလျှောက်လိုသည့် လမ်းကြောင်းရှိပြီး ဖြစ်လိမ့်မည် ဖြစ်ပြီး အခြားမည်သူ၏ အကြံဥာဏ်ပေးမှုကိုမျှ အလေးဂရုပြုမည့်ပုံမရှိပေ။

နောက်ဆုံးအဖြေတွင်မူ စစ်အစိုးရသည် ၎င်း၏ကြီးကျယ်ခမ်းနားသော နိုင်ငံရေး မဟာဗျူဟာမှ ရလဒ်ကြီးကြီး ရရှိရေးအတွက် အောင်မြင်စွာ အချိန်ဆွဲခြင်းဖြင့် စီမံခန့်ခွဲ နေခြင်းပင် ဖြစ်တော့သည်။ ၎င်း၏ နိုင်ငံရေး မဟာဗျူဟာအရ အာဏာ တည်တံ့ရေး အတွက် ငွေမည်မျှ ကုန်သည်ဖြစ်စေ၊ အလျော့ပေးမည့်ပုံမရှိပေ။

အရေးကြီးဆုံး တစ်ခုမှာ အစိုးရ ခေါင်းဆောင်များသည် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံလှုပ်ရှားမှုများတွင် မပါဝင်အောင် ဆက်လက် ထိန်းသိမ်း ထားလိုခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့်ပင် ငြိမ်းချမ်းရေး နိုဗယ်ဆုရ အမျိုးသမီးများဖြစ်သော Shirin Ebadi နှင့် Tody Williams တို့သည် အခြားလူသိများသော လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် ရက်ရက်စက်စက် ညှဉ်းပန်းမှုများကို မီးမောင်းထိုးပြရန် ကြိုးစားလျက် ရှိနေကြပါသည်။

၎င်းတို့က နိုင်ငံတကာရာဇဝတ်မှု တရားရုံး(International Criminal Court) မှ ထောက်ခံကူညီမှုများ ပေါ်ပေါက်ရန် တောင်းဆိုခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း မြန်မာအစိုးရ သည် မသိနားမလည်သူများအပေါ် မုဒိမ်းကျင့်ခြင်း၊ နှိပ်စက်ခြင်းများစသော လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

အစိုးရသည် အမှန်တကယ်လည်း မုဒိမ်းမှု ကျူးလွန်ခြင်းအား တိုင်းရင်းသားများ အပေါ် စစ်ဆင်ရေး တစ်ခုသဖွယ် အသုံးပြုခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ လွတ်လပ်လုံခြုံစွာ နေထိုင်ရေး ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်အား လက်တွဲလုပ်ဆောင် သင့်လှပေသည်။

နောက်တစ်ချက်အနေဖြင့် ဝါရှင်တန်သည် ယခုအချိန်အထိမူ နာမည်ဆိုး တိုင်းပြည်နှစ်ခုအား ခပ်ခွာခွာနေအောင် မပြုလုပ်နိုင်သေးပေ။ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ရှိသည်သာမကဘဲ လွန်ခဲ့သော နှစ်နှစ်ခန့်မှ စ၍ စစ်သုံးအရာဝတ္ထုများ (military hardware) ကိစ္စများတွင် ပိုမိုခိုင်မာစွာ ပူးပေါင်း ဆောင်ရွက် လာခဲ့ပါသည်။

မြန်မာအစိုးရသည် အိမ်နီးချင်း နိုင်ငံများအပေါ် စစ်ရေးအရ ဗိုလ်ကျ နိုင်ရေး အတွက် ရည်ရွယ်၍ မြောက်ကိုရီးယားမှ လူသေစေနိုင်သော လက်နက်များကို အလိုရှိနေပါသည်။

သတင်းပေးပို့မှုများအရ မြန်မာအစိုးရ၏ နျူကလီယာ ပိုင်ဆိုင်လိုမှုသည် ဂရုပြုသင့်သော အချက်တစ်ခု ဖြစ်လာပါသည်။ သို့သော် နျူကလီယာ ပိုင်ဆိုင်ရေး လုပ် ဆောင်ရန် ခက်ခဲလိမ့်ဦးမည် ဖြစ်ပေသည်။

သို့သော် နောင်ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့် ကြာလျှင်မူ မြန်မာနိုင်ငံသည် နည်းပညာ ရောင်းလိုသူ နာမည်ပျက် နိုင်ငံများ၏ အကူအညီဖြင့် နျူကလီယာ ပိုင်ဆိုင်မှုကို တည်ဆောက်နိုင်လိမ့်မည် ဖြစ်ပေသည်။

အီရန်ကဲ့သိုသော နျူကလီယာ ပိုင်ဆိုင်လာသော နိုင်ငံသစ်များသည် ၎င်းတို့၏ နျူကလီယာ အဆောက်အဦများကို လူမသိအောင် မည်သို့ ဖွက်ထားရမည် ဆိုသည်ကို ကောင်းကောင်း သိကြသည်။ ထို့ကြောင့် ကမ္ဘာ ကရော အထူးသဖြင့် ထိုင်းနိုင်ငံကပါ သေချာစွာ စောင့်ကြည့်သင့်ပြီး၊ မြန်မာအစိုးရ၏ လှည့်စားမှုကို မခံရအောင် ဂရုပြုသင့်သည်။

အမေရိကန် ပြည်ထောင်စုမှ အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် လာမည့် အပတ်တွင် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ် ရာ၊ သူ၏ သွားရမည့် ခရီးစဉ် အတည်ပြုပြီး ဖြစ်ပါက မြန်မာနိုင်ငံသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပါသည်။ ၎င်းမြန်မာနိုင်ငံသို့ သွားဖြစ်ခဲ့မည် ဆိုပါက အစိုးရအား ဒီမိုကရေစီတံခါးဖွင့် ရာတွင် အချိန်မဆွဲသင့်ကြောင်း၊ အချိန်များ ကုန်လွန်ခဲ့ပြီဖြစ်ကြောင်း ပြောရန် အခွင့် အရေး ရလိမ့်မည် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment