Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ကလေးမြို့တွင် မြန်မာစစ်တပ်က လူငယ်များအား တပ်မတော်ထဲ ဝင်ရန် ဖိအားပေး စည်းရုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။

"ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်က မင်းလှရွာကို စစ်သားတွေ ရောက်လာပါတယ်။ ည ၁၀ နာရီလောက် ရှိမယ်ထင်တယ်။ သူတို့က ရွာက လူငယ် လေးယောက်ကို ဖမ်းခေါ်သွားကြတယ်။ ဒါပေမဲ့ သူတို့တွေထဲက သုံးယောက် ပြန်ပြီး ထွက်ပြေးလာကြတယ်။ တစ်ယောက်တော့ ကျန်ခဲ့တယ်။ အသက် ၁၈ အရွယ် တန်းတန်း ဆိုတဲ့ ကောင်လေးကျန်ခဲ့တာပါ" ဟု ဒေသခံတစ်ဦးက ပြောပါသည်။

မြန်မာစစ်တပ်မှ စစ်သားများသည် ကလေးမြို့နယ်တွင် တစ်ရွာဝင် တစ်ရွာထွက် လူငယ်များ ကို လိုက်လံ ရှာဖွေလျက်ရှိရာ ရွာခံများက လူငယ်များကို ညပိုင်းအချိန်၌ နေအိမ်တွင်း ပုန်းအောင်း နေစေကြောင်း သိရသည်။

မင်းလှကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ အဆိုပါ ဒေသတွင် စစ်တပ်က စစ်သားစုဆောင်းရေး တပ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူ လူငယ် စုစုပေါင်း ၂၀ ခန့်ရှိသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင်လည်း မြန်မာစစ်တပ်မှ စစ်သားများက လူငယ် ၁၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြပြီး စစ်ရေးလေ့ကျင့်ရေး စခန်းသို့ ပို့လိုက်ကြသည်။ စစ်တပ်က ဖမ်းဆီးသွားသော လူငယ်များအားလုံးကို ကလေးမြို့နယ်ရှိ ဒိုင်းကြည် စစ်ရေး လေ့ကျင့်ရေး စခန်းတွင် ထားရှိသည်ဟု ဆိုသည်။

Khonumthung News မှ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment