Transparency Myanmar

transparency.myanmar@gmail.com

The Reuters, 24th April 2010

တရုတ်နိုင်ငံတွင် ယခုအချိန်၌ ငွေကြေးဖောင်းပွမှုမှာ အားကောင်းခြင်း မရှိသေးသော်လည်း၊ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်နိုင်ကြောင်း မျှော်လင့်မှုများ တွေ့လာရကြောင်း စနေနေ့က အစိုးရ အကြီးတန်း သုတေသန အရာရှိ တစ်ဦးက ပြောသည်။

ငွေကြေးဖောင်းပွမှု မည်မျှဖြစ်လာမည် ဆိုသည်မှာမူ တရုတ် အစိုးရက ၎င်း၏ ငွေကြေးမူဝါဒကို မည်မျှ မြန်မြန် ပြောင်းလဲမည် ဆိုသည် အပေါ် တည်မှီနေကြောင်း၊ ယခု လက်ရှိ တရုတ်၏ အသာစီးယူထားသော ငွေတန်ဖိုး သတ်မှတ်ထားမှု (appropriately loose) မှ မျှခြေ (neutral) ရောက်အောင် ပြောင်းလဲပေးမှုပေါ်တွင် မူတည်ကြောင်း National Development and Research Commission's microeconomic institute မှ ဒုတိယ ဌာနမှူး Ma Xiaohe က ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

ယခု မတ်လအထိ တစ်နှစ်အတွင်း လူသုံးကုန် ပစ္စည်းဈေးနှုန်းများ ၂.၄ % တက်လာခဲ့ရာ၊ အစိုးရ ခန့်မှန်းထားသော တစ်နှစ်အတွင်း ပျမ်းမျှ ၃ % တက်မည် ဆိုသည့် ကိန်းဂဏန်း အတွင်း၌သာ ရှိသေးကြောင်း၊ သို့သော် ဟင်းသီးဟင်းရွက်၊ စားသုံးဆီနှင့် ဆန်များ ယခုလအတွင်း ဈေးတက်လာရာ၊ ထိုကိစ္စကို အလေးဂရုပြုရန် တောင်းဆိုလာကြသည်ဟု Ma က ပြောသည်။

"ငွေဖောင်းပွမှု မျှော်လင့်ချက်တွေက စပြီး တိုးတက် လာနေပြီ" ဟု ၎င်းက ပြောသည်။

တရားဝင် မူဝါဒအား ပြန်လည် ဖော်ပြသည့် အနေဖြင့် Ma က ပြောကြားရာတွင် တရုတ် အနေဖြင့် စားသုံးမှုများကို မြင့်တက်ရေးအတွက် အရှိန်မြှင့် ကြိုးပမ်းရန်လိုအပ်ပြီး သို့မှသာ ယခုထက် ပိုမိုသော ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံမှုများကို အစိုးရက ပါဝင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment