Transparency Myanmar

transparency.myanmar@gmail.com

CNN News, 25th April 2010

ပါရှန် ပင်လယ်ကွေ့တွင် ပြုလုပ်သော 'မဟာ ပညာကျော် - ၅' စစ်ရေး လေ့ကျင့်မှု အစီအစဉ်၏ နောက်ဆုံး အဆင့်တွင် မြေပြင်မှ ရေပြင်ပစ်၊ ရေပြင်မှ ရေပြင်ပစ် ပြည်တွင်းဖြစ် ဒုံးပျံ အမျိုးအစား အသစ် ၅ မျိုးကို ပစ်လွှတ်ခဲ့သည်ဟု တနင်္ဂနွေနေ့တွင် အီရန်က ပြောကြားလိုက်သည်။

အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က IRIB ရုပ်သံဌာနနှင့် အရေးတကြီး အစီအစဉ် အဖြစ် ဆွေးနွေး တင်ပြရာတွင် ဒုံးကျည်များကို တပြိုင်တည်း ပစ်လွှတ်ခဲ့ပြီး တစ်ခုတည်းသော ပစ်မှတ်ကို တစ်ချိန်တည်းတွင် ထိမှန်ခဲ့သည်ဟု ဆိုသည်။

တနင်္ဂနွေနေ့က စစ်ရေး လေ့ကျင့်ခန်းများတွင် စစ်သင်္ဘောများကို မြန်နှုန်းမြင့် ရေယာဉ်ငယ်များဖြင့် တိုက်ခိုက်သော အစီအစဉ် ပါဝင်သည်။

၃၁ နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော စစ်ရေး လေ့ကျင့်မှုသည် လက်နက်သစ်၊ စနစ်သစ်များကို ပြသရန် ရည်ရွယ် စီစဉ်ခြင်း ဖြစ်သည်။

စစ်ကစားပွဲများကို အီရန် စတင်

အီရန်နိုင်ငံ၏ အင်အား၊ ဆန္ဒနှင့် အချုပ်အခြာ ပိုင်ဆိုင်မှုနှင့် လွတ်လပ်ရေးကို ကာကွယ်မည့် အမျိုးသားအဆင့် ဆုံးဖြတ်ချက်တို့ကို ပြသရန်အတွက် စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခြင်း ဖြစ်သည်ဟု တော်လှန်ရေး အစောင့်တပ်ဖွဲ့ ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ဟူစိန် ဆာလာမီက ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ စစ်ရေး လေ့ကျင့်မှုများမှာ ယခင်ကလည်း ရှိခဲ့ကြောင်း၊ သို့သော် ယခု အကြိမ်မှာ တော်လှန်ရေး အစောင့်တပ်ဖွဲ့က လူသိရှင်ကြား ဆွေးနွေး တင်ပြခဲ့သဖြင့် သတိထား ရလိမ့်မည်ဟု အမေရိကန် စစ်ဖက်က မှတ်ချက်ပေးသည်။

ထိုဒေသတွင် အမေရိကန် စစ်သင်္ဘောများစွာ လတ်တလော လှုပ်ရှားနေကြပြီး အမေရိကန် တပ်မှူးများကို အီရန်တို့နှင့် မတော်တဆ ထိပ်တိုက် တွေ့ဆုံမှုမျိုး မဖြစ်ပွားစေရန် မကြာခဏ သတိပေးထားသည်။

အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်ကြောင့် အစ္စလာမ်မစ် အီရန်နိုင်ငံ အပေါ် တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရန် ဖိအားပေးနေသော အမေရိကန် ပြည်ထောင်စုက အီရန်နိုင်ငံ၏ ဒုံးကျည် တိုးတက် ဖွံ့ဖြိုးမှုကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment