Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By William Boot, 24th April 2010

ထိုင်းနိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် စွမ်းအင် ကဏ္ဍ မပါဝင်ဘဲ မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများတွင် တစ်ဦး အပါအဝင် ဖြစ်ကြောင်း ကိန်းဂဏန်း အသစ်များက ဆိုသည်။

ထိုင်းစီးပွားရေးသည် ကမ္ဘာလှည့် ခရီးသွားကဏ္ဍနှင့် ပတ်သက်သော ဟိုတယ် အဆောက်အဦး များတွင် ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာနှစ်၌ အမေရိကန် ဒေါ်လာ သန်း ၃၀ သုံးစွဲခဲ့ပြီး၊ UAE နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကိုမူ မမှီကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း (UMFCCI) က ပြောသည်။

UMFCCI က UAE သည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၄၁ သန်း ရင်းနှီးမြှုပ်နှံ ထားသည်ဟု ဆိုခဲ့ပြီး မည်သည့်နေရာတွင် ရင်းနှီး မြှုပ်နှံထားသည်ကိုမူ ရှင်းလင်း ပြောကြားခြင်း မရှိပေ။

တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများသည် မြန်မာနိုင်ငံ၏ အလားအလာ အလွန်ကောင်းသော သဘာဝ ဓာတ်ငွေ့ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု များစွာပြုလုပ်လျက် ရှိကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ဖြတ်၍ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ ပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ သုံးစွဲမည် ဖြစ်သောကြောင့် လာမည့်နှစ် အနည်းငယ် အတွင်း ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို ဖြတ်ကျော်သွားလိမ့်မည် ဖြစ်ကြောင်း စက်မှုလုပ်ငန်း သုံးသပ် လေ့လာသူများက ခန့်မှန်းကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment