Transparency Myanmar

transparency.myanmar@gmail.com

AFP, news.yahoo.com, 7th May 2010

စစ်ဖက် အစိုးရက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီဝင်များနှင့် တွေ့ဆုံခွင့်ပြုမည် ဆိုပါက အမေရိကန် ကိုယ်စားလှယ် Kurt Campbell မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည်ဟု ဝါရင့် အမေရိကန် အစိုးရ အရာရှိ တစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။

"ကျွန်တော်တို့ရဲ့ ကြိုတင် ကမ်းလှမ်းမှုတွေကို မြန်မာ အစိုးရက သဘောမတူဘူးဆိုရင် မြန်မာနိုင်ငံကို သူသွားမှာ မဟုတ်ပါဘူး" ဟု အမည်မဖော်လိုသော နိုင်ငံခြားရေးဌာန အရာရှိက သတင်းထောက်များအား ပြောကြားသည်။

ကြိုတင် ကမ်းလှမ်းမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့။ NLD ပါတီဝင်တွေ အပါအဝင် အခြား အတိုက်အခံ ခေါင်းဆောင်တွေ အားလုံးနဲ့ တွေ့ဆုံဖို့ ကိစ္စတွေပါပဲ။ ဒီအချက်တွေ ပါဝင်နိုင်အောင် ကျွန်တော်တို့ စေ့စပ် ညှိနှိုင်းနေဆဲပဲ ဖြစ်ပါတယ်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

အရှေ့အာရှနှင့် ပစ္စဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် "၁၄ နှစ် အတွင်း အမေရိကန် အဆင့်မြင့် အရာရှိ တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်" အဖြစ် ပြီးခဲ့သော နိုဝင်ဘာလက ရန်ကုန်သို့ သွားရောက်ခဲ့ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

သမ္မတ ဘားရက် အိုဘားမား အစိုးရသည် ဒီမိုကရေစီ ထွန်းကားရေးနှင့် လူ့အခွင့်အရေး တိုးတက်ရေးတို့ကို အားပေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ဖက် အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို ယခင်နှစ်က စတင် ကျင့်သုံးခဲ့သော်လည်း ထိုနောက်ပိုင်းတွင် မြန်မာ အစိုးရ၏ ရွေးကောက်ပွဲများ အပေါ် ကိုင်တွယ်ပုံကို အပြင်းအထန် ပြစ်တင် ဝေဖန်ခဲ့သည်။

တချိန်တည်းတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Philip Crowley က "NLD ပါတီကို ရွေးကောက်ပွဲ မတိုင်မီ ဖျက်သိမ်းပြီး ပါတီသစ်တစ်ခု ဖွဲ့စည်းဖို့ ဖိအားပေးခဲ့ရတဲ့ အခြေအနေကို စစ်ဖက် အစိုးရက ဖန်တီးခဲ့ခြင်းဟာ အလွန် စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်"  ဟု ပြောကြားခဲ့သည်။

NLD ပါတီသည် ၎င်းတို့၏ ခေါင်းဆောင်ကို ပါတီမှ ထုတ်ပယ်ရန် ဖိအားပေးထားသည့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ခြင်းကို ငြင်းဆန်ခဲ့ပြီး၊ အာဏာကို ရာစုနှစ် ထက်ဝက်ကျော် ချုပ်ကိုင်ထားသည့် စစ်အစိုးရ တရားဝင်စေရန် စီစဉ်လှည့်ဖြားမှု ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြနေသော ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

မြန်မာ ပြည်သူများ အတွက် ဆက်လက် အလုပ်လုပ်ရန် NLD က ဆုံးဖြတ်ခဲ့ခြင်းကို မိမိတို့ ထောက်ခံ အားပေးသည်ဟု Crowley က သောကြာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး "မြန်မာနိုင်ငံ" ကို ယခင်အတိုင်း "Burma" ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment