Transparency Myanmar

transparency.myanmar@gmail.com

AP, The Straits Times, 11th May 2010

အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ လွတ်မြောက်ရေး အတွက် နောက်ဆုံး အကြိမ်အဖြစ် ကြိုးပမ်းနေသည်ဟု သူမ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်အပေါ် အထူး အယူခံလွှာကို တင်သွင်းခဲ့ပြီးနောက် အင်္ဂါနေ့တွင် ရှေ့နေများက ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၏ ၂၀၀၉ သြဂုတ်လ ပြစ်ဒဏ် အပေါ် အယူခံမှုမှာ ဖေဖော်ဝါရီလက ဗဟိုတရားရုံး အယူခံ အပါအဝင် ၂ ကြိမ်တိုင် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ သူမ၏ နောက်ဆုံး ဥပဒေဘောင်တွင်း ကြိုးပမ်းခွင့်မှာ အဝေး အုပ်ချုပ်ရေး မြို့တော် နေပြည်တော်မှ ဗဟိုတရားရုံး တရားသူကြီးများ မျက်နှာစုံညီ ပါဝင်မည့် အထူးအယူခံ တရားရုံးပင် ဖြစ်သည်။

ယခု ကိစ္စကို အထူးခုံရုံးသို့ ဆက်လက် တင်ပြရန် ဆုံးဖြတ်ပေးမည့် ဗဟို တရားရုံးသို့ တနင်္လာနေ့တွင် ရှေ့နေများက အယူခံလွှာ တင်သွင်းခဲ့သည်ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောကြားသည်။

အသက် ၆၄ နှစ် အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ခန့် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ နေရပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လက အထိန်းသိမ်းခံ ကာလအတွင်း ဥပဒေ ချိုးဖောက်မှုဖြင့် စွပ်စွဲခံရကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ သူမအပေါ် ပြစ်ဒဏ် ချမှတ်မှုကို တစ်ကမ္ဘာလုံးက ပြစ်တင် ရှုံ့ချခဲ့ကြသည်။

သူမ၏ ပြစ်ဒဏ်ကို နေအိမ် အကျယ်ချုပ် ၁၈ လ ကျခံရန် ပြင်ဆင်ခဲ့သဖြင့် ယခုနှစ်ကုန် ရွေးကောက်ပွဲများ ကျင်းပချိန်တွင် အထိန်းသိမ်းခံ နေရမည် ဖြစ်သည်။ ပထမအကြိမ် အယူခံလွှာကို ၂၀၀၉ ခုနှစ် အောက်တိုဘာတွင် ပယ်ချခဲ့ပြီး ၂၀၁၀ ဖေဖော်ဝါရီလတွင် ဗဟိုတရားရုံးက ထပ်မံ ပယ်ချခဲ့သည်။

၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင် ရရှိသော်လည်း အာဏာ မရခဲ့သည့် သူမ၏ NLD ပါတီသည် လာမည့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ပြီးနောက် ယခင် အပတ်က ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment