Transparency Myanmar

transparency.myanmar@gmail.com

Xinhua News, 29th June 2010

ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံ (DPKK မြောက်ကိုရီးယား)၌ စက်တင်ဘာလတွင် ကျင်းပမည့် ကမ္ဘာ့ ရုပ်ရှင်ပွဲတော်တွင် မြန်မာ ကွာလတီ ရုပ်ရှင် အချို့ မိတ်ဆက် ပြသရန် အတွက် မြန်မာနိုင်ငံ ပါဝင် ဆင်နွှဲမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သတင်းရပ်ကွက်က အင်္ဂါနေ့တွင် ပြောကြားသည်။

မြောက်ကိုရီးယား မြို့တော် ပြုံးယမ်းတွင် စက်တင်ဘာ ၁၇ မှ ၂၄ အထိ ကျင်းပမည့် ၈ ရက်ကြာ ရုပ်ရှင်ပွဲတော်တွင် ပြသမည့် မြန်မာရုပ်ရှင် ၅ ကားမှာ ဆဋ္ဌဂံ၊ လျှို့ဝှက်သောနှင်း၊ မျှော်လင့်ခြင်းများစွာ၊ ကြိုးတန်းနှင့် အတိတ်က အရိပ် တို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရုပ်ရှင်ကားများသည် မြောက်ကိုရီးယားတွင် ပြသမည့် ပထမဆုံး မြန်မာ ရုပ်ရှင်များ ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာအစိုးရက ၂၀၀၈ ခုနှစ် အတွက် အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု ၇ ခုကို အနုပညာရှင်များအား ချီးမြှင့်ခဲ့သည်။

၂၀၀၈ အတွင်း ပြသခဲ့သော ရုပ်ရှင် ၁၂ ကား အနက်မှ အကယ်ဒမီဆု ၇ ခု ရွေးထုတ်ခဲ့ရာတွင် "အများနှင့် မသက်ဆိုင်သူ" ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိသွားသည်။

မြန်မာနိုင်ငံတွင် ၁၉၅၂ မှစ၍ ယခုအချိန်အထိ အကယ်ဒမီ ထူးချွန်ဆုပေါင်း ၃၁၉ ခုကို အနုပညာရှင်များအား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment