Transparency Myanmar

transparency.myanmar@gmail.com

ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုသည် ၄ ရာခိုင်နှုန်းမှ ၄ ဒဿမ ၅ ရာခိုင်နှုန်း အထိ တိုးမြင့်လာကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ကြိုတင် ခန့်မှန်းချက်ကို တိုးမြှင့် ပြောဆိုလိုက်သည်။

အာရှဒေသ စီးပွားရေး စီးပွားရေး အဆမတန် ဖွံ့ဖြိုးမှုကြောင့် ယခုနှစ် ပထမပိုင်းတွင် ကမ္ဘာ့ စီးပွားရေးသည် အင်အား ကောင်းမွန်စွာ တိုးတက်လာကြောင်း IMF က ဆိုသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ စီးပွားရေး တိုးတက်မှုမှာ တော်သင့်ရုံ အနေအထားမျှသာ ရှိခဲ့သော်လည်း ပြန်လည် နာလန် ထူနိုင်ရေးအတွက် ပုံမှန် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် စီးပွားရေး အကျပ်အတည်း ဖြစ်မည့် အန္တရာယ်များ တိုးမြင့်လာပြီး ငွေကြေး တည်ငြိမ်မှု ဖော်ဆောင်ရာတွင် အနှောင့်အယှက်များ၊ တုံ့ဆိုင်းမှုများ ရှိခဲ့သည်ကို တွေ့ရကြောင်း IMF က သတိပေးသည်။

ကြွေးမြီကိစ္စ

ပထမကမ္ဘာမှ အစိုးရများ၏ ဘဏ္ဍာ စဉ်ဆက်မပြတ် တည်တံ့ ခိုင်မြဲရေးနှင့် ပတ်သက်၍ စိုးရိမ်စရာများ ရှိကြောင်း၊ အထူးသဖြင့် ဂရိနှင့် ဥရောပ ဒေသမှ အခြားနိုင်ငံများမှ အစိုးရ ဘဏ္ဍာနှင့် ပတ်သက်သော အရေးကိစ္စများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နာလန်ထူမှုကို အဓိက ခြိမ်းခြောက်ခဲ့ကြောင်း IMF က ဆိုသည်။

အစိုးရများ အနေဖြင့် ဘဏ္ဍာရေး အခြေအနေ ကောင်းမွန်ရေးကို အဓိက အာရုံ စိုက်သင့်ကြောင်း၊ သို့သော် ဘဏ္ဍာသုံးစွဲမှု လျှော့ချခြင်းများ လွန်စွာ မပြုလုပ်သင့်ကြောင်း သတိပေးထားသည်။

လတ်တလော ရက်သတ္တပတ်များတွင် အစိုးရ အတော်များများသည် ဘဏ္ဍာရေး လိုငွေပြမှု လျှော့ချရေးအတွက် ချွေတာရေး အစီအမံများကို လုပ်ဆောင်ရန် တွန်းအား ပေးနေသည်ကို တွေ့ရသည်။

အထူးသဖြင့် ဥရောပဘဏ်များသည် အစိုးရများ၏ ကြွေးမြီနှင့် ပတ်သက်သော ပြဿနာများ၏ ရိုက်ခတ်မှု ဒဏ်ကို ခံစားနေရသည်ဟု IMF က ဆိုသည်။ ထို့ပြင် ဘဏ်များ အချင်းချင်း ငွေထုတ်ချေးရန် ဆန္ဒ လျော့နည်းနေသည်ဟု ဆိုသည်။ ကျယ်ပြန့်သော စီးပွားရေး တစ်ရပ်အတွက် ကြွေးမြီ နည်းပါးနေခြင်းသည် ပြန်လည် နာလန်ထူရေး ဆောင်ရွက်ချက်များကို ထိခိုက်စေသည်ဟု သတိပေးသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment