Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံမှ စတီး ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သော Taiyuan Iron and Steel Group (TISCO) သည် China Nonferrous Metal Mining Group(CNMC) နှင့် မြန်မာနိုင်ငံရှိ တကောင်းတောင် (Tagaung Taung) နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းတွင် ပူးပေါင်း လုပ်ကိုင်ရန် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း  TISCO ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ကြေညာထားသည်။

CNMC Nickel သည် ယခင်က တကောင်းတောင် သတ္တုတူးဖော်ရေး စီမံကိန်းကို ဦးဆောင် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် TISCO က CNMC တွင် အစုရှယ်ယာ ရရှိရန် အရင်းအနှီး ထည့်ဝင်မည် ဖြစ်ကြောင်း သိရသည်။ တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းသည် တရုတ်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်သည့် အကြီးဆုံးသော သတ္တု တူးဖော်ရေး စီမံကိန်းကြီး ဖြစ်သည်။

လေ့လာ သုတေသန ပြုချက်အရ တကောင်းတောင် သတ္တုတွင်းတွင် အဆင့်မြင့် အရည်အသွေး ရှိသော နီကယ်သတ္တု တန်ပေါင်း သန်း ၃၀ နှင့် အခြား နီကယ်သတ္တု တန်ပေါင်း ခုနစ်သိန်းခန့် ရှိသည်။ သတ္တု တူးဖော်ရေး လုပ်ငန်းကို လာမည့် နှစ် ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း လုပ်ကိုင်မည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၈၀၀ ဖြစ်ကာ တစ်နှစ်လျှင် နီကယ်-သံ သတ္တုတန်ပေါင်း ၈၅၀၀၀ တန်နှင့် နီကယ် တန်ပေါင်း ၂၂၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ သတ္တု တူးဖော်ရေးတွင်း တည်ဆောက်မှု လုပ်ငန်းများမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။

နီကယ်သည် နိုင်ငံ အသီးသီးအတွက် ရှားပါးသော မဟာဗျူဟာ အရင်းအမြစ် တစ်ခု ဖြစ်သည်။ ယခု မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမည့် TISCO သည် ကမ္ဘာ့အကြီးဆုံး စတီး ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်ပြီး တစ်နှစ်လျှင် နီကယ်တန်ပေါင်း တစ်သိန်းခန့် ဝယ်ယူလျက် ရှိသည်။

"နီကယ် သတ္တုဟာ စတီး ထုတ်လုပ်ရေး လုပ်ငန်းအတွက် အင်မတန် အရေးကြီးတဲ့ ကုန်ကြမ်း ဖြစ်ပြီး နီကယ်အတွက် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာလည်း အများဆုံး ဖြစ်ပါတယ်" ဟု Mysteel.com မှ ကျွမ်းကျင်သူ ပညာရှင် Zeng Jiesheng က ပြောကြားသည်။ Mysettl.com သည် စတီးဈေးကွက် သုတေသနနှင့် ခွဲခြမ်း စိတ်ဖြာရေး အဖွဲ့တစ်ခု ဖြစ်သည်။

People's Daily Online မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment