India Times, 5th August 2010
မြန်မာ စစ်ဖက် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လတ်တလော နယူးဒေလီ ခရီးစဉ်နှင့် ၎င်းစစ်ဖက် အစိုးရ အပေါ် အိန္ဒိယ၏ ဆက်လက် ဆွေးနွေး ဆက်ဆံနေမှုတို့က နိုဘယ်ဆုရှင် Amartya Sen ထံမှ ပြစ်တင် ဝေဖန်မှုကို ထွက်ပေါ်စေခဲ့သည်။
ဤကိစ္စတွင် ပါမောက္ခကြီး သိရန် ပြောရမည် ဆိုပါက အိန္ဒိယကဲ့သို့ ဒီမိုကရေစီ နိုင်ငံတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ပြဿနာများကြောင့် နိုင်ငံတကာ၏ ပြစ်တင် ရှုတ်ချမှုကို ခံနေရသော အစိုးရနှင့် စီးပွားရေး စောင်းပေးသော ဆက်ဆံမှုမျိုး မရှိဟု ဆိုချင်သည်။ သို့သော် အဆိုပါ ရပ်တည်ချက်ကို နယူးဒေလီ၏ နိုင်ငံခြားရေး မူဝါဒကို ပြဋ္ဌာန်းနေသည့် အမှန်တရားများတွင် ထည့်သွင်း စဉ်းစားရန် မဖြစ်နိုင်ခဲ့ပါ။
၂၀ ရာစု ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ကပြခဲ့သော စိတ်ကူးယဉ် ဝါဒနှင့် လက်တွေ့ ဝါဒ တို့အကြားမှ ဤအငြင်းပွားမှုကို အားလုံး မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ဝုဒ်ရိုးဝီလ်ဆင် မှသည် ဂျဝါဟာလာနေရူး အထိ ခေါင်းဆောင်များသည် စိတ်ကူးယဉ် ဝါဒ၏ အနားသတ်မှုများကို နိုင်ငံခြားရေး မူဝါဒ၏ လမ်းညွှန် စည်းမျဉ်းအဖြစ် အခြေခံ ချမှတ်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ရပြီး ကာလများတွင် နေရူး စိတ်ကူး ဝါဒကြောင့် နယူးဒေလီသည် အခွင့်အလမ်းနှင့် အားသာချက် မျိုးစုံကို လက်လွှတ် ဆုံးရှုံးခဲ့ ရသည်။ အိန္ဒိယအနေနှင့် ကိုယ့်တွင်း ကိုယ်တူးခဲ့ပြီး နေရူး၏ ပုဂ္ဂိုလ်ရေး ရပ်တည်မှုကိုပင် မကယ်တင် နိုင်ခဲ့ပေ။ နောက်ဆုံးတွင်မူ ဘက်မလိုက် အဖွဲ့ကို ဝင်နှောက်နေသော မော်စကို ဖက်သို့ ယိမ်းသွားခဲ့သည်။ ဤသို့သော နိုင်ငံခြားရေး မူဝါဒမျိုးသည် အလုပ်မဖြစ်နိုင် ဆိုသည်ကို ပြသခဲ့ခြင်းဟု ဆိုနိုင်သည်။
ပြည်ပမှ ဒီမိုကရေစီ တည်ဆောက်မှု စီမံကိန်းများနှင့် တွေ့ဆုံ ညှိနှိုင်းရန် နယူးဒေလီတွင် ပါဝါ အကန့်အသတ် ရှိနေသည်။ ဤနေရာတွင် မြန်မာ အစိုးရ၏ ဒုစရိုက်များကို မမြင်ချင်ဟန်ဆောင် ရမည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း ၎င်းတို့နှင့် ဆွေးနွေး ဆက်ဆံမှုကို ကျင့်ဝတ် သဘောအရ ငြင်းပယ်ခဲ့မည် ဆိုပါက မြန်မာနိုင်ငံမှာ ဘေဂျင်းက ရယူနေသော အထူး အခွင့်အရေးများကို နယူးဒေလီက လုံးဝ ရနိုင်တော့မည် မဟုတ်ပေ။ သမ္မတ ဂျော့ဘွတ်ရှ် လက်ထက်တွင် အီရန် အပေါ် ဒီမိုကရေစီ စည်းရုံးရေး ဆင်းခဲ့သော အမေရိကန်၏ နည်းလမ်းများသည် ဆန့်ကျင်ဘက် ရလဒ် ရခဲ့သည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ လက်တွေ့ကျသော မြန်မာနှင့် ဆွေးနွေးရေး မူဝါဒကော၊ ဒီမိုကရေစီ စံနှုန်းများဆီသို့ ရွေ့အောင် တွန်းမည့် မူဝါဒကော၊ လက်တွေ့ကျသော နည်းလမ်းဖြစ်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျိုးစီးပွား မူဝါဒကော၊ ဒီမိုကရေစီကို အားပေးမည့် မူဝါဒကော နှစ်ခုစလုံးမှ ထွက်ပေါ်လာသော လက်တွေ့ကျသော နိုင်ငံခြားရေး မူဝါဒသည် အထိရောက်ဆုံး ကိရိယာ တစ်ခုဖြစ်ရန် ယခုထိ အလှမ်းဝေး နေဆဲဟု ဆိုချင်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.