Transparency Myanmar

transparency.myanmar@gmail.com

Hindustan Times, 3rd August 2010

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ဆန့်ကျင်ဘက် ရပ်တည်လိုက်သူ နိုဘယ်ဆုရှင် ပါမောက္ခ Amardya Sen က "မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အိန္ဒိယ၏ မူဝါဒကို ထောက်ခံခဲ့ခြင်း မရှိ" ဟု ယနေ့ ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ မူဝါဒကို ကျွန်တော် သဘောမတူပါဘူး။ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဒီလိုပြောလို့ ရပါတယ်" ဟု ၎င်းက နယူးဒေလီတွင် စာတတ်မြောက်မှု၏ အဓိက ကျပုံနှင့် ပတ်သက်၍ ဟောပြောစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုဘယ်ဆုရှင်က အထက်ပါအတိုင်း မှတ်ချက်ပေးလိုက်ချိန်တွင် Sen ကဲ့သို့ပင် စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်သည့် ဝန်ကြီးချုပ် Sen က ပြုံးလိုက်သည်။

အထက်ပါ ဟောပြောပွဲကို ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးပြီးနောက် Sen က နေရာမှထ၍ ဟောပြောစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယ၏ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း မှတ်ချက် ပေးလိုက်ခြင်း ဖြစ်သည်။

ယခင် အပတ်က မြန်မာ စစ်ဖက် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အိန္ဒိယနိုင်ငံက ကြိုဆို ဧည့်ခံခဲ့ခြင်းကို အကြောင်းပြုရန် ၎င်းမှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တိုင်းပြည်အတွင်း ဒီမိုကရေစီ ထွန်းကားခြင်းကို ခွင့်မပြုဘဲ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မပါဝင်နိုင်အောင် တားဆီးထားခြင်းကြောင့် တစ်ကမ္ဘာလုံး၏ ဝိုင်းဝန်း ဝေဖန်မှုကို ရင်ဆိုင်နေရသည်။ အိန္ဒိယနိုင်ငံကမူ ၎င်းတို့၏ အရေးပါသော အကျိုးစီးပွား အဖြစ် ခံယူကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစိုးရ၏ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

တရုတ် သမ္မတဟောင်း မော်စီတုန်း နှင့် အိန္ဒိယမှ မော်ဝါဒီ လှုပ်ရှားမှုတို့၏ အကောင်းဆုံး စံနှုန်းများ အကြားမှ ခြားနားမှုကိုလည်း Sen က ဆွဲထုတ်ပြသည်။

တရုတ်နိုင်ငံတွင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တိုးတက်စေမည့် အခြေခံ ပညာရေးကို "မော်" က အားပေး မြှင့်တင်ခဲ့သည်။ သို့သော် အိန္ဒိယမှ မော်ဝါဒီတို့ကမူ အနောက် ဘင်္ဂလားကဲ့သို့ ပြည်နယ်များတွင် အခြေခံ ပညာရေး အဆောက်အအုံကို ထိခိုက် ပျက်ပြား စေခဲ့သည်ဟု Sen က ပြောကြားသည်။

လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ အချက်အခြာသည် အတတ်မြောက်မှုပင် ဖြစ်သည်ဟု ဝန်ကြီးချုပ် Sen က ပြောဆိုသည်။ စာတတ်မြောက်မှုနှုန်း ၈၀ ရာခိုင်နှုန်းထက် လျော့နည်းသော ခေတ်မီ စက်မှုနိုင်ငံ ဟူ၍ မရှိဟု ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်က ၎င်း၏အစိုးရ အတွက် ပန်းတိုင်မှာ အိန္ဒိယနိုင်ငံ စာတတ်အောင် ပြုလုပ်ရန်နှင့် စာတတ်မြောက်မှုတွင် ကျား/မ ကွာဟချက်ကို လျှော့ချရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment