Transparency Myanmar

transparency.myanmar@gmail.com

Irish Sun, 6th August 2010

ရုရှားသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း မြန်မာစစ်တပ်မှ အရာရှိ (၄၁၈၅) ဦးကို နျူကလီယာ သိပ္ပံပညာ လေ့ကျင့် သင်ကြားပေးခဲ့သော်လည်း ထိုအထဲမှ အနည်းငယ်သော အရာရှိများက အပေါင်းလက္ခဏာ ဆောင်သော အသုံးပြုမှု ဖြစ်သည့် စွမ်းအင် ထုတ်လုပ်မှု အတွက် လေ့လာခဲ့သည်ဟု မြန်မာ ပညာရှင် တစ်ဦးက သောကြာနေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများက မြန်မာအစိုးရသည် မြောက်ကိုးရီးယားနှင့် ပူးပေါင်း၍ နျူကလီယာ လက်နက်များ ထုတ်လုပ်ရန် စိတ်အား ထက်သန်လျက် ရှိသည်ဟု စွပ်စွဲမှုများကြောင့် မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များသည် မကြာသေးမီ နှစ်များအတွင်း စိုးရိမ်ဖွယ်ရာ ကိစ္စရပ် ဖြစ်ခဲ့သည်။

သို့သော် မြန်မာ အစိုးရကမူ နျူကလီယာ ရည်မှန်းချက်မှာ ဆေးဘက်ဆိုင်ရာ အတွက် သက်သက်သာ ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

Lodon School Econimics and Poliitical Science မှ သုတေသန ပညာရှင် မောင်ဇာနည်က မော်စကိုတွင် နျူကလီယာနှင့် ပတ်သက်သော နည်းပညာများ သင်ယူခဲ့သူများအနက် လက်တစ်ဆုပ်စာကသာ ဆေးပညာနှင့် ပတ်သက်မှုများ ပါဝင်ကြောင်း အစိုးရ၏ ဆေးပညာ အတွက်ဟု အကြောင်းပြမှုကို မေးခွန်းထုတ်ခဲ့သည်။

"နှစ်စဉ် ဘွဲ့ရစစ်သား ၄၀၀ မှ ၆၀၀ ခန့် ရုရှားသို့ စေလွှတ်လျက် ရှိရာ ထိုအထဲမှ အနည်းငယ်ကပဲ ဆေးပညာနှင့် ဆိုင်သော သူများ ပါဝင်ပါတယ်'' ဟု ၎င်းက ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဇာနည်က ခန့်မှန်းရာတွင်  ၂၀၀၁ခုနှစ်မှစ၍ မော်စကိုတွင် နျူကလီယာနှင့် ပတ်သက်ငော ပညာရပ်များကို တက်ရောက် သင်ကြားသူများအနက် ၅-၂၀ ဦးခန့်ကသာ ဆေးပညာ နောက်ခံ ရှိသူများ ပါဝင်ကြောင်း ဆိုသည်။ ၎င်းသည် ယခင်ဘွဲ့ရများနှင့် တွေ့ဆုံမေးမြန်းပြီးမှ (၄၁၈၅) ဦး စာရင်းကို စုပေါင်းထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

"နျူကလီယာ အစီအစဉ်တွေက ဆေးပညာအတွက်လို့ ဆိုလို့ရှိရင် ဘာဖြစ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပါဝင် ပတ်သက်မှု မရှိတာလဲ'' ဟု ဇာနည်က မေးခွန်းထုတ်သည်။

မြန်မာ စစ်အစိုးရသည် နျူကလီယာ လက်နက်များ ထုတ်လုပ်နေသည် (သို့မဟုတ်) လေ့လာချက် ရှိသည် ဆိုသည်နှင့် ပတ်သက်၍ သက်သေပြရန် ခဲယဉ်းလျက် ရှိနေသေးသော်လည်း၊ ရည်ရွယ်ချက် ရှိသည် ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း သိနိုင်ကြောင်း ဇာနည်က ဆိုသည်။

ယခု အဆင့်တွင်ပင် မြန်မာအစိုးရသည် ဖြစ်လာနိုင်သည့် နျူကလီယာ လက်နက်ဖြင့် ခြိမ်းခြောက်မှုကို ဆက်ဆံရေးတွင် တုတ်ကြီးကြီး ကိုင်ထားရသလို အသုံးပြုနိုင်မှုအား ပိုမို စိတ်ဝင်စားလာမည်ဟု ၎င်းက ခန့်မှန်းသည်။

"အမေရိကန်နဲ့ အခြား အင်အားကြီးတွေက မြောက်ကိုးရီးယားကို မထိန်းချုပ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ နျူကလီယာဗုံး ရှိတယ်လေ။ ဒါကြောင့် ရိုင်းစိုင်းတဲ့ နိုင်ငံတွေ အနေနဲ့ မြောက်ကိုးရီးယားဟာ စံပြနိုင်ငံ တစ်ခု ဖြစ်နေတာပေါ့'' ဟု ဇာနည်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ ၁၉၆၂ ကတည်းက အုပ်ချုပ်လာခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment