Transparency Myanmar

transparency.myanmar@gmail.com

AFP, 6th August 2010

ဗီယက်နမ်သည် ဝါရှင်တန်နှင့် နျူကလီယာ လောင်စာနှင့် နည်းပညာများ ဖလှယ်ရန် ဆွေးနွေးနေကြောင်း ဝါရှင်တန်က ပြောခဲ့သော်လည်း ဗီယက်နမ်တို့က အမေရိကန် ပြည်ထောင်စုနှင့် ဆွေးနွေးမှုများ မစတင်ရသေးကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။

"ဗီယက်နမ်နဲ့ အမေရိကန် ပြည်ထောင်စုတို့က နျူကလီယာ စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး သဘောတူညီနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ မစတင်ရသေးပါဘူး" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အကျိုးသမီး Nguyen Phuong Nga က ပြောကြားခဲ့သည်။

ဝါရှင်တန်က ကြာသပတေးနေ့က ၎င်း၏ ယခင် စစ်အေးတိုက်ပွဲ ကာလက ရန်သူဖြစ်ခဲ့သူနှင့် အရပ်ဖက်ဆုံး နျူကလီယာ နည်းပညာကိစ္စ ဆွေးနွေးနေကြောင်း ပြောကြားခဲ့ကြောင်း၊ သို့သော် ဟနွိုင်းအား ယူရေနီယံ သန့်စင်မှု ပြုလုပ်ရေး ခွင့်ပြုမပြုကိုမူ ဖော်ပြမထားကြောင်း Wall Street Journal တွင် သတင်းဖော်ပြခဲ့သည်။

ကွန်ဂရက် ဝေဖန်သူများက သဘော တူညီချက်နှင့် ပတ်သက်၍ ပြောကြားရာတွင် ပါဝင်သော အချက်အလက်များသည် အမေရိကန်၏ အရှေ့အလယ်ပိုင်းမှ မဟာမိတ်များ အပေါ်တွင် ပိုမို တင်းကြပ်စွာ တောင်းဆိုထားမှုများကို လျှော့ပေးမည်ဟု ဆိုကြောင်း၊ အဆိုပါ တောင်းဆိုချက်မှာ နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှုကို ယူရေနီယံ သန့်စင်မှုနှင့် အလဲအလှယ်ပြုရန် တောင်းဆိုမှု ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်း နိုင်ငံများက လူသိရှင်ကြား သဘောမတူကြောင်း ပြောခဲ့ဖူးသည်ဟု WSJ တွင် ဖော်ပြထားသည်။

နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က ပြောကြားရာတွင် အပေးအယူတွင် ဗီယက်နမ်၏ အိမ်နီးချင်းနှင့် မဟာမိတ် ဖြစ်သူ တရုတ် မပါဝင်ပေ။

သို့သော် ယူရေနီယံ သန့်စင်မှု ကိစ္စကို ၎င်းက မှတ်ချက်ပြုရန် ငြင်းဆန်ပြီး၊ "ကမ္ဘာတစ်ဝှမ်းမှာ ယူရေနီယံ သန့်စင်နိုင်တဲ့ နိုင်ငံပိုပြီး နည်းနည်းသာ ကျွန်တော်တို့ တွေ့လိုတာပါ" ဟုသာ ပြောခဲ့သည်။

ယူအေအီး အနေဖြင့် ယူရေနီယံ သန့်စင်မှု မပြုလုပ်ရန် သဘောတူညီချက် အောက်တွင် နျူကလီယာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု စာချုပ်ကို အမေရိကန်နှင့် ယူအေအီးတို့ ယခင်နှစ်က လက်မှတ် ရေးထိုးခဲ့ကြသည်။

အီရန်နိုင်ငံက ယူရေနီယံ သန့်စင်မှု ထိန်းချုပ်ခြင်းကို ငြင်းပယ်ခဲ့သောကြောင့် ၎င်း၏ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကော်စီက အရေးယူ ပိတ်ဆို့မှု အစီအစဉ်သစ်များကို ယခုနှစ် ဇွန်လတွင် ချမှတ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဗီယက်နမ်တို့သည် အရပ်ဖက် နျူကလီယာ စွမ်းအင် ဖွံ့ဖြိုးရေးနှင့် ဓာတ်ပေါင်းဖို ကိရိယာများ လုံခြုံရေးတို့ အပေါ် ပူးပေါင်း ဆောင်ရွက်ရန် ၂၀၀၁ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြပြီး ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ပြီးခဲ့သော မတ်လက ထပ်မံ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဗီယက်နမ်သည် နျူကလီယာ စွမ်းအင်ကို အဓိက စွမ်းအင်ရင်းမြစ် အဖြစ် အသုံးပြုရန် ကြိုးစားနေပြီး လာမည့် အနှစ် ၂၀ အတွင်း နျူဓာတ်အားပေး စက်ရုံ ၈ ခု တည်ဆောက် လည်ပတ်မည့် အစီအစဉ်ကို ဇွန်လက ကြေညာခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment