Transparency Myanmar

transparency.myanmar@gmail.com

AFP, 25th August 2010

အရှေ့တောင် အာရှနိုင်ငံများ အတွင်း ဆင်းရဲ ချမ်းသာမှု ကွာဟချက် ကြီးမားမှုသည် ဒေသတွင်း ဈေးကွက်ကြီး တစ်ဦးတည်း ဖြစ်လာအောင် ပြုလုပ်ရာတွင် ခြိမ်းခြောက်လာနိုင်ကြောင်း အာဆီယံ ခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့က သတိပေး ပြောကြားလိုက်သည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့တွင် တိုးတက်မှုနှုန်း မြင့်လာသည်ဟု ဆိုသော်လည်း အာဆီယံ ၁၀ နိုင်ငံကြားတွင် GDP အနိမ့်ဆုံး ရှိသော နိုင်ငံများ ဖြစ်နေဆဲ ဖြစ်သည်။

"ဖွံ့ဖြိုတိုးတက်မှု ကွာဟချက် ကြီးမားလာခြင်းဟာ အာဆီယံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက အတားအဆီး ဖြစ်နေဆဲပါပဲ။ အထူးသဖြင့် အာဆီယံ စီးပွားရေးကို တစ်စု တစ်စည်းတည်း ပြုလုပ်ရန် လုပ်ဆောင်မှုတွင် အတားအဆီး ဖြစ်ပါတယ်'' ဟု အာဆီယံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေးတွင် ဗီယက်နမ် ဝန်ကြီးချုပ် Nyuyen Tan Dung က ပြောကြားခဲ့သည်။

အာဆီယံသည် ၎င်း၏ သန်း (၆၀၀) ရှိသော လူဦးရေကို အခြေခံ၍ ၂၀၁၅တွင် တစ်ခုတည်းသော ထုတ်လုပ်မှုနှင့် ရောင်းဝယ်ရေး ဈေးကွက်ကြီး ဖြစ်လာအောင် ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ရည်မှန်းရခြင်းမှာ အိန္ဒိယနှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အာဆီယံ၏ ဆင်းရဲသော နိုင်ငံများနှင့် ချမ်းသာသော နိုင်ငံများကြား ကွာဟမှု မြင့်မားလာခြင်းသည် ဈေးကွက် တစ်ခုတည်း စုစည်းရာတွင် သတိထားရမည့် အချက်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ "ဒီလို ကွာဟချက်နဲ့ လုပ်ထားရင် တည်ငြိမ်မှု မရနိုင်ပါဘူး'' ဟု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment