Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 25th August 2010

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက ၎င်းအနေဖြင့် ရွေးကောက်ပွဲ ဝင်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီဟု ယနေ့ ကြေညာခဲ့သည်။

၎င်းနှင့်အတူ အဓိက အတိုက်အခံပါတီ NLD မှ အချို့ ပါတီဝင်များသည် လာမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် NLD မှ ခွဲထွက်ကာ NDF ပါတီကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

ဦးခင်မောင်ဆွေနှင့်အတူ NDF ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်အောင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသာခိုင်၊ ဗဟိုကော်မတီဝင် ဦးစိန်လှဦးတို့သည် ၁၉၉၀ ခုနှစ်က နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားစေသည့် အမှုများတွင် ပါဝင် ပတ်သက်ခဲ့ကြခြင်းကြောင့် ရွေးကောက်ပွဲ ဥပဒေများနှင့် ငြိစွန်းနေသဖြင့် ရွေးကောက်ပွဲ ဝင်ခွင့်  အတွက် မေတ္တာ ရပ်ခံလွှာ တင်သွင်းရမည်ဟု အစိုးရ၏ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က  ပြောကြားခဲ့သည်ဟု သိရှိရသည်။

၎င်းတို့ အနေဖြင့် အဆိုပါ မေတ္တာ ရပ်ခံချက်မျိုးကို တင်သွင်းခဲ့ပြီး ဖြစ်သော်လည်း ထပ်မံ တင်သွင်းရန် ကော်မရှင်က ညွှန်ကြားခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် အဆိုပါ မေတ္တာ ရပ်ခံချက်မျိုးကို တင်သွင်းခဲ့ပြီး ဖြစ်သော်လည်း ထပ်မံ တင်သွင်းရန် ကော်မရှင်က ညွှန်ကြားခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့၏  ရွေးကောက်ပွဲ ဝင်ရန် ကြိုးပမ်းမှု မှန်သမျှကို အစိုးရက ပိတ်ဆို့လိမ့်မည် ဟူသော အချက်ကို ဦးခင်မောင်ဆွေက လက်ခံ ယုံကြည်သွားခဲ့ကြောင်း ကြားသိရသည်။

"ကျွန်တော့် အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို မေတ္တာ ရပ်ခံခဲ့ပြီးပါပြီ၊ အခုအခါ ပုဂ္ဂိုလ်ရေး မေတ္တာ ရပ်ခံချက် အနေနဲ့ ထပ်ပြီးတင်ပြဖို့ သူတို့က ပြောပါတယ်။ သူတို့ ပြောသလို ထပ်ပြီး မေတ္တာ ရပ်ခံရရင်လည်း ကျွန်တော့်ကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော့်အနေနဲ့ နောက်တစ်ကြိမ် မေတ္တာရပ်ခံမှာ မဟုတ်သလို ရွေးကောက်ပွဲကိုလည်း ဝင်မပြိုင်တော့ပါဘူး'' ဟု ဦးခင်မောင်ဆွေက မဇ္ဈိမ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

"သူတို့က ကျွန်တော့်ကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တင်းကြပ် ချုပ်ချယ်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးပြီဆိုရင် ပါတီ ခေါင်းဆောင်တွေကိုလည်း ရွေးကောက်ပွဲ ဝင်ခွင့် ပေးရမှာပါ၊ ဒါမှလည်း ကျိုးကြောင်းဆီလျှော် သဘာဝကျမှာပေါ့'' ဟု ၎င်းက ဆိုသည်။

အခြား ခေါင်းဆောင် ၃ ဦးက ပြန်လည် မေတ္တာရပ်ခံလွှာ တင်မည်၊ မတင်မည် ကိုမူ ယခုတိုင် မသိရှိသေးပါ။

လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်မှု မျှတမှုရှိမည် မဟုတ်ဟု ဝေဖန်ကာ ရွေးကောက်ပွဲ ဝင်မည့် အစီအစဉ်ကို စွန့်လွှတ်သူများထဲတွင် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းလည်း ပါဝင်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment