Transparency Myanmar

transparency.myanmar@gmail.com

Reuters, 27th August 2010

မြန်မာ စစ်ဖက် အုပ်ချုပ်သူ အကြီးအကဲ ၃ ဦးသည် သောကြာနေ့တွင် ၎င်းတို့၏ စစ်ဖက် ဆိုင်ရာ ရာထူးများကို စွန့်လွှတ်ခဲ့ကြပြီး နိုဝင်ဘာလ လွှတ်တော် ရွေးကောက်ပွဲ အပြီးတွင် တိုင်းပြည်၏ အာဏာ အရှိဆုံး ရာထူးများကို ရယူရန်အတွက် ၎င်းတို့၏ လမ်းကို ၎င်းတို့ ဖောက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဖက် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

လွှတ်တော်တွင် သမ္မတလောင်း ၃ ဦး၏ အမည်စာရင်းကို တင်သွင်းပြီးနောက်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်က ရွေးချယ်ပေးသော အရပ်သား သမ္မတက အစိုးရကို ဖွဲ့စည်းမည် ဖြစ်သည်။ အရွေး မခံရသော သမ္မတလောင်း ၂ ဦးမှာ ဒုတိယ သမ္မတများ ဖြစ်လာကြမည် ဖြစ်သည်။

တပ်မတော်အတွင်း လတ်တလော ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းမှုများအရ ဖြစ်နိုင်ချေ အများဆုံးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၇၈နှစ်) သာလျှင် သမ္မတအဖြစ် ရွေးချယ်ခံရဖွယ် ရှိနေပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (၇၂နှစ်) နှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (၆၂နှစ်) တို့မှာ ဒုတိယ သမ္မတများ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံတွင် အာဏာ တည်ဆောက်ပုံကို ပြောင်းလဲခြင်း မရှိဘဲ ထိပ်ပိုင်း ဗိုလ်ချုပ်မှူးကြီးများက စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲကာ ရွေးကောက်ပွဲများဖြင့် ဟန်ပြ လှည့်စားလျက် ရှိသည်ဟု နိုင်ငံရေး အကဲခတ်များက ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ယူဆထားမှုကို ယခု အပြောင်းအလဲများက ပိုမို ခိုင်မာသွားစေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment