Transparency Myanmar

transparency.myanmar@gmail.com

DVB News, 25th August 2010

မြန်မာနိုင်ငံ မတည်ငြိမ်သော နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့မှာ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ဆက်လက် ငြင်းဆန်နေပါက ၎င်းတို့အား မြန်မာအစိုးရက တိုက်ခိုက်တော့မည် ဖြစ်သည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရမည် ဖြစ်ပြီး အကယ်၍ ငြင်းဆန်နေပါက အစိုးရတပ်ဖွဲ့များက ကရင်ပြည်နယ် အရှေ့ပိုင်း ဋ္ဌာနချုပ် အခြေစိုက်ရာ ဒေသမှ တိုက်ထုတ်တော့မည်ဟု သိရှိရသည်။

တပ်ဖွဲ့ဝင် အင်အား ၃၀,၀၀၀ ရှိသော ဝတပ်ဖွဲ့ UWSA မှာလည်း နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရန် အတင်းအကျပ် ဖိအားပေးခံရမည် ဖြစ်ပြီး သို့မဟုတ်ပါက အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ၂ ဖွဲ့စလုံးက ငြင်းဆန်နေကြခြင်းကြောင့် ဆယ်စုနှစ် ၂ စု နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များမှာ ယခုအခါ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေသည်။ KNU အဖွဲ့မှ ခွဲထွက်ကာ လွန်ခဲ့သော ၃ နှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် ညှိနှိုင်းခဲ့သူ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးချုပ် တင်မိုသီက ၎င်း၏ တပ်ဖွဲ့များကို တိုက်ခိုက်ခြင်းသည် ကရင်ပြည်သူ တစ်ရပ်လုံးကို စစ်ကြေညာခြင်းသာ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

"ငြိမ်းချမ်းမှု ရှိအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ တတ်နိုင်သလောက် သည်းခံပြီး စေ့စပ်ညှိနှိုင်းမှာပါ" ဟု ပြောကြားခဲ့သော တင်မိုသီက အကယ်၍ မြန်မာ စစ်အစိုးရက ကရင်ပြည်သူများကို ခြိမ်းခြောက်နေပါက ကရင်ငြိမ်းချမ်းရေး ကောင်စီသည် ကရင် ပိုင်နယ်မြေများကို ကာကွယ်ရန် တုန့်ဆိုင်းနေမည် မဟုတ်ကြောင်း၊ ဗမာများ၊ တရုတ်များ၊ မူဆလင်များ အပါအဝင် မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား မျိုးနွယ်စုများ အားလုံး အလားတူပင် ဖြစ်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။

သဘောထား ကွဲလွဲမှုများကြောင့် အုပ်စု ကွဲသွားခဲ့သော်လည်း DKBA တပ်ဖွဲ့မှာ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းသည့် အထိမ်းအမှတ် အခမ်းအနားကို ယခင်အပတ်က ပြုလုပ်ခဲ့သည်။ DKBA မှ ခွဲထွက်သွားခဲ့သော တပ်မှူး နှုတ်ခမ်ေးမွှးနှင့် ၎င်း၏ တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ကို မြန်မာ စစ်တပ်က လိုက်လံ တိုက်ခိုက်နေသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်နေသည့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်သည် များစွာ ဖိအားပေးခံရမည် ဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားပါက စစ်ပြေး ဒုက္ခသည်များ အစုလိုက်အပြုံလိုက် အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု လူ့အခွင့်အရေး အဖွဲ့များက သတိပေး ပြောကြားထားသည်။

ရှမ်းပြည်နယ် အတွင်း နယ်မြေ အချို့ကို ထိန်းချုပ်ထားသည့် ဝ တပ်ဖွဲ့မှ အရာရှိတစ်ဦးက "မိမိတို့ ဝတပ်ဖွဲ့ အနေဖြင့် စက်တင်ဘာ ၄ ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပျက်ကွက်ခဲ့ပါက တရားမဝင် သောင်းကျန်းသူ အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံရမည် ဖြစ်ကြောင်းနှင့် ၁၉၈၈ ခုနှစ် မတိုင်မီ အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည် ဟု သတိပေးခံရကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့မှာ ခွဲထွက်ဖို့ အစီအစဉ် မရှိသလို၊ အစိုးရကိုလည်း တိုက်ခိုက်မှာ မဟုတ်ပါဘူး၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စေ့စပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်တဲ့ အနေအထားကိုပဲ ထိန်းသိမ်း ထားချင်တာပါ" ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သောရက် အတန်ကြာက ရှမ်းပြည်နယ် တန့်ယန်းတွင် မြန်မာအစိုးရ အရာရှိများနှင့် ဝ ခေါင်းဆောင်များ တွေ့ဆုံစဉ် နောက်ဆုံး သတ်မှတ်ရက်ကို သတိပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ဖြစ်လာနိုင်ခြေ ရှိသော ပဋိက္ခ အတွက် UWSA က မည်သည့် အထူး ကြိုတင် ပြင်ဆင်မှုကိုမျှ မပြုလုပ်ဟု ပြောကြားခဲ့သော ဝ တပ်ဖွဲ့ အရာရှိက "ကျွန်တော်တို့ကို အစိုးရက တိုက်ခိုက်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး၊ အကယ်၍ သူတို့ဖက်က တကယ် တိုက်လာပြီဆိုရင် တစ်မျိုး စဉ်းစားရမှာပေါ့'' ဟု ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment